YouTuber NL Tech က Galaxy S24 Series ၃ လုံးကို နာမည်ကြီး Benchmarking App တွေဖြစ်တဲ့ Geekbench 6, AnTuTu နဲ့ 3Dmark မှာ စမ်းသပ်ထားတဲ့ ဗီဒီယိုကို မျှဝေလိုက်ပါတယ်။ S24 နဲ့ S24+ မှာ Exynos 2400 Chip နဲ့ S24 Ultra မှာ Snapdragon 8 Gen 3 ထည့်သွင်းထားတာပါ။

Geekbench 6 ရဲ့ CPU စမ်းသပ်ချက်မှာ Single-core နဲ့ Multi-core ရမှတ် ၂ ခုစလုံးမှာ Snapdragon 8 Gen 3 က အနည်းငယ်သာနေပါတယ်။ Single-core ရမှတ် ကွာဟမှုဟာ လျစ်လျူရှုထားနိုင်ပြီး Multi-core ရမှတ် ကွာဟမှုကလည်း အနည်းငယ်ပဲ ဖြစ်ပါတယ်။ GPU စမ်းသပ်မှုမှာ Exynos 2400 က Snapdragon 8 Gen 3 ထက် ပိုကောင်းနေပါတယ်။

Samsung Exynos 2400 vs Qualcomm Snapdragon 8 Gen 3: What's different? - SamMobile

AnTuTu မှာ စမ်းသပ်တဲ့အခါ S24 Ultra ရဲ့ Snapdragon 8 Gen 3 ဟာ ပိုကောင်းနေပေမယ့် ရမှတ်ကွာခြားချက်က အလွန် နည်းပါတယ်။

3D Mark ရဲ့ Solar Bay Stress Test မှာ Exynos 2400 ပါတဲ့ S24 နဲ့ S24+ ဟာ ပြတ်ပြတ်သားသား အနိုင်ရနေပါတယ်။ Samsung ရဲ့ Exynso 2400 Chip ဟာ အပူချိန် ထိန်းချုပ်တဲ့ အပိုင်းမှာ ပိုကောင်းနေပါတယ်။

တစ်ခုမှတ်ထားရမှာက အဲဒီဖုန်း ၃ လုံးမှာ Pre-release Firmware ထည့်သွင်းထားပြီး ရောင်းချတဲ့ မော်ဒယ်တွေ ထွက်လာရင် ရမှတ်က ကွဲပြားနိုင်ပါတယ်။

Ref : gsmarena