Samsung ဟာ လာမယ့်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ Galaxy S23 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ လောလောဆယ်မှာ Galaxy S23 Series နဲ့ပတ်သက်ပြီး သတင်းတွေဆက်တိုက်ထွက်ရှိနေတာကြောင့် အကုန်လုံးနီးပါး ပေါက်ကြားထားပြီးပြီလို့တောင်ပြောနိုင်ပါတယ်။

ယခုနှစ် Galaxy S23 Series ဖုန်းတွေရဲ့ ထူးခြားချက်တစ်ခုက Processor ပိုင်းမှာ Samsung ရဲ့ ကိုယ်ပိုင် Exynos Chipset ကို လုံးဝအသုံးပြုခြင်းမရှိတာပဲဖြစ်ပါတယ်။ အဲ့ဒီအစား Qualcomm နဲ့ပူးပေါင်းပြီး Clock Speed ပိုမိုမြန်ဆန်တဲ့ Snapdragon 8 Gen 2 Chipset တွေကို သီးသန့်အသုံးပြုသွားမှာဖြစ်ပါတယ်။

ဒါပေမယ့် အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းအရ လာမယ့် ၂၀၂၄ ခုနှစ်မှာ Samsung ကနေ Galaxy S24 Series မှာ ကိုယ်ပိုင် Exynos 2400 Chipset ကို ပြန်လည်အသုံးပြုသွားမယ်လို့ သိရပါတယ်။ အဆိုပါသတင်းကို တောင်ကိုးရီးယားနိုင်ငံမှ Tipster တစ်ဦးဖြစ်တဲ့ Vampire King ကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ပြောကြားချက်အရ Samsung Exynos 2400 Chipset ဟာ စုစုပေါင်း 10-Core ပါဝင်တဲ့ Quad-cluster Design Processor ဖြစ်ပြီး 4nm LPP Node ကို အခြေခံထားမှာဖြစ်ပါတယ်။ အဆိုပါ Exynox 2400 Chipset ကို Global စျေးကွက်မှာ အသုံးပြုလာမလားမသိသေးပေမယ့် တောင်ကိုးရီးယားနိုင်ငံအတွင်းမှာ ရောင်းချမယ့် Galaxy S24 Series ဖုန်းတွေမှာ အသုံးပြုသွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

Samsung ရဲ့ Exynos Processor တွေဟာ အမြဲတမ်းလိုလို Snapdragon Processor တွေထက် အားနည်းနေတာကြောင့် အခုလိုမျိုး လုံးဝအသုံးမပြုဘဲ ဖြုတ်ချလိုက်ရတဲ့အထိ ပြောင်းလဲခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် Exynos 2400 Chipset ကရော Qualcomm Snapdragon Chipset တွေနဲ့ ယှဥ်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစရာပါ။

Ref – Gizmo China