Apple ကနေ ယခုနှစ်မှာ iPhone 12 Series ဖုန်းတွေနဲ့အတူ AirTag နဲ့ Apple ANC Headphone တွေကို မိတ်ဆက်မယ်ဆိုပြီး အစောပိုင်းတုန်းက သတင်းတွေထွက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Product တွေက လက်ရှိအချိန်အထိ မိတ်ဆက်ခဲ့ခြင်းမရှိသေးပါဘူး။

Apple အနေနဲ့ AirTag တွေကို မိတ်ဆက်ခဲ့ခြင်းမရှိပေမယ့် အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ Samsung ကနေ ကိုယ်ပိုင် Galaxy Smart Tag တွေကို မကြာခင်မိတ်ဆက်သွားတော့မယ်လို့ သိရပါတယ်။ ဒါကတော့ လာမယ့် ဇန်နဝါရီလအတွင်းမှာပဲ Galaxy S21 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Samsung ဟာ Galaxy S21 Series ဖုန်းတွေနဲ့အတူ Galaxy Buds Pro လို့ နာမည်ပေးထားတဲ့ Active-Noise Cancellation (ANC) Earbuds တစ်ခုကိုလည်း မိတ်ဆက်လာဦးမှာဖြစ်ပါတယ်။ ယခု Galaxy Smart Tag ဟာ Model Number အနေနဲ့ EI-T5300 လို့ ပေးထားသလို Indonesia Telecom Bureau မှာလည်း Certified ဖြစ်သွားခဲ့ပြီလို့ သိရပါတယ်။ ဒီသတင်းကိုတော့ Indian Tech Influencer တစ်ဦးဖြစ်တဲ့ Mukul Sharma ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းကလည်း SmartThings Tracker အမည်ရတဲ့ LTE-based Tracker ကို မိတ်ဆက်ခဲ့သလို ပြီးခဲ့တဲ့ Galaxy Note 20 Event မှာလည်း Samsung Product တွေကို Bluetooth နဲ့ Ultrawide Band (UWB) အသုံးပြုပြီးရှာဖွေနိုင်တဲ့ “SmartThings Find” App ကိုပါ မိတ်ဆက်ခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Samsung Galaxy Smart Tag တွေဟာ ဘယ်လိုမျိုး အလုပ်လုပ်မလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေပြီးဖြစ်နိုင်တာကတော့ UWB Support ပါဝင်လာဖွယ်ရှိနေပါတယ်။ Samsung အနေနဲ့ Apple AirTag ထက် စောပြီး အခုလိုမျိုး Galaxy Smart Tag ကို မိတ်ဆက်လာနိုင်မလားကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China