Samsung ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက Galaxy Z Flip3 ရဲ့ Bespoke Edition ကို ပွဲထုတ်ခဲ့ဖူးပါတယ်။ ဒီ Edition ဟာ အရောင်ပေါင်း ၄၉ ရောင်ကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဒါမျိုး Edition ကို လာမဲ့ Galaxy Z Flip4 မှာလည်း ရရှိမှာဖြစ်ပြီး ပိုစုံလင်တဲ့အမျိုးအစားတွေနဲ့အတူ ဈေးကွက်သစ်တွေဆီပို့ဆောင်မယ်လို့လည်း ကောလာဟလ ထွက်နေပါတယ်။

Galaxy Z Flip3 ကို customizing လုပ်တဲ့အခါ အသုံးပြုသူတွေဟာ Frame အရောင် နှစ်မျိုး၊ ကျောဘက်အရောင် ငါးမျိုး၊ အရှေ့ဘက် Panel အရောင် ငါးမျိုးထဲက တစ်မျိုးကို ရွေးကြရတာ ဖြစ်ပါတယ်။ Non-bespoke ဖုန်းတွေနဲ့ အရောင်မတူအောင် ထပ်နေတဲ့အ ရောင်တွဲတစ်ခုကို ဖယ်ရှားပြီး ရွေးချယ်စရာ ၄၉ ခု ပေးခဲ့တာ ဖြစ်ပါတယ်။

Z Flip4 အတွက် Bespoke Studio လည်း တူညီတဲ့ Elements သုံးမျိုးအတွက် Customizations လုပ်ဖို့ ကမ်းလှမ်းလာမယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ ပိုများတဲ့ ရွေးချယ်မှုတွေရှိလာမယ်လို့ မျှော်လင့်ရပါတယ်။ Samsung ဟာ Bespoke customizations ကို အမေရိကန်၊ ကနေဒါ၊ ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ တောင်ကိုရီးယားနဲ့ သြစတြေးလျတို့မှာ Offer ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဥရောပနဲ့အာရှနိုင်ငံတွေက ဈေးကွက်အသစ်တွေကို တိုးချဲ့ကမ်းလှမ်းသွားမယ်လို့ အတွင်းသတင်းအချက်အလက်တွေကိုကိုးကားပြီး SamMobile က ဖော်ပြခဲ့ပါတယ်။

Samsung ဟာ Galaxy Watch4 နဲ့ Watch4 Classic တို့လို wearables တွေအတွက်လည်း Bespoke customizations တွေ ကမ်းလှမ်းထားပါတယ်။ ဒါဟာ အတော်လေးကို အခြေခံကျတဲ့ Customizations လို့ ဆိုနိုင်ပါတယ်။ လိုချင်တဲ့ နာရီမော်ဒယ်ကိုရွေး၊ လက်ပတ်ကြိုးကိုရွေး ပြီးစိတ်ကြိုက်လုပ်လို့ရပါတယ်။ လာမဲ့ Galaxy Watch5 မော်ဒယ်တွေဟာ Bespoke program ရဲ့ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပြီး ဈေးကွက်သစ်မှာလည်း ရရှိလာမယ်လို့ သိရပါတယ်။

Ref: GSM Arena