Samsung ဟာ လာမယ့်နှစ်မှာ Foldable စမတ်ဖုန်းအသစ်ဖြစ်တဲ့ Galaxy Z Fold 3 ကို မိတ်ဆက်သွားဖို့ရှိနေတာဖြစ်ပါတယ်။ အဆိုပါ Galaxy Z Fold 3 ဖုန်းမှာ အဓိကပြောင်းလဲမှုအနေနဲ့ကတော့ S Pen Stylus ကိုထည့်သွင်းလာမှာဖြစ်ပြီး Galaxy Note Series နေရာကိုပါ ဝင်ရောက်လာဖို့ စီစဥ်နေတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Display Industry Insider တစ်ဦးဖြစ်တဲ့ Ross Young ကနေ Galaxy Z Fold 3 နဲ့ သက်ဆိုင်တဲ့သတင်းအချက်အလက်အချို့ကို ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ပြောကြားချက်ကတော့ S Pen ကြောင့် လက်ရှိ Galaxy Z Fold 2 နဲ့ ယှဥ်မယ်ဆိုရင်တောင် အားနည်းချက်အနည်းငယ်ရှိမယ်လို့ သိရပါတယ်။

ဒါကတော့ Primary Display ပိုင်းမှာ 7.59″ ကနေ 7.55″ ကို အရွယ်အစားချူံ့လိုက်ရသလို အပြင်ဘက်က Cover Display ကလည်း 6.23″ ကနေ 6.21″ ပဲရှိတော့မှာဖြစ်ပါတယ်။ ဒါက S Pen ကို ထည့်သွင်းနိုင်ဖို့အတွက် လျော့ချလိုက်ရတာဖြစ်သလို တစ်ဖက်မှာလည်း S Pen ပါဝင်လာမယ့်အတွက် Galaxy Z Fold 3 ဟာ ပိုပြီးပါးလွှာတော့မှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Galaxy Z Flip 3 ကတော့ 6.67″ ကနေ 6.70″ Display ကိုပြောင်းလဲအသုံးပြုလာမှာဖြစ်ပြီး 120Hz Refresh Support ပေးနိုင်တဲ့ LTPO Display ကိုပါ အသုံးပြုလာမှာဖြစ်ပါတယ်။ နောက်ထပ်လည်း Lite နာမည်နဲ့ Foldable စမတ်ဖုန်းအသစ်ကို မိတ်ဆက်သွားမှာဖြစ်ပြီး Ross Young ကတော့ Galaxy Z Flip Lite ဖြစ်လာမယ်လို့ ပြောကြားခဲ့ပါတယ်။

Samsung ဟာ Galaxy Z Flip 3 ကိုတော့ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ မိတ်ဆက်လာနိုင်ပြီး Galaxy Z Fold 3 ကိုတော့ Galaxy Note Series မိတ်ဆက်နေကျအချိန်ဖြစ်တဲ့ နှစ်ဝက်နောက်ပိုင်းမှပဲ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

Ref – Phone Arena