ဇူလိုင်လ ၁၀ ရက်နေ့မှာ Samsung ဟာ Galaxy Z Fold 6 နဲ့ Z Flip 6 ကို ကြေညာမှာပါ။ အခုတော့ Samsung ဟာ Galaxy Z Fold 6 Slim ကိုလည်း ထုတ်လုပ်နေတယ်လို့သတင်းထွက်လာပါတယ်။ အဲဒီဖုန်းရဲ့ Display Size နဲ့ ဈေးနှုန်းလည်း ပေါက်ကြားလာပါတယ်။

Samsung Galaxy Z Fold 6 CAD render

Ross Young က Samsung Galaxy Z Fold 6 Slim ရဲ့ Display Size ဟာ ပုံမှန် Fold 6 ထက် ပိုမို ကြီးမားမယ်လို့ ပြောပါတယ်။ အဲဒီဖုန်းမှာ S Pen မပါလာဘဲ ဈေးနှုန်းက Fold 6 နဲ့ တူမယ်လို့ သတင်းထွက်လာပါတယ်။

Samsung Galaxy Z Fold 6 and Z Flip 6 Unveiling: Latest Rumors and Specs |  Samsung MDS Blog

Young က Display ကို ဒီနှစ် ကွာတား ၄ မှာ စတင် ထုတ်လုပ်မှာ ဖြစ်ပြီး ၂၀၂၅ ခုနှစ် ကွာတား ၁ မှာ Galaxy S25 Series နဲ့အတူ Galaxy Z Fold 6 Slim ကို ကြေညာနိုင်ပါတယ်။

နာမည်ကြီး Leaker Ice Universe က Galaxy Z Fold 6 Slim မှာ 8” Inner Foldable Display နဲ့ 6.5” Cover Display တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Slim မော်ဒယ်ရဲ့ Aspect Ratio ဟာ Z Fold 6 နဲ့ ကွာခြားမှာ ဖြစ်ပါတယ်။ Slim Version မှာ Snapdragon 8 Gen 4 Chipset မောင်းနှင်ထားနိုင်ပါတယ်။ Slim ရဲ့ တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။

မကြာခင်က သတင်းအရ Samsung ဟာ တန်ဖိုးနည်း Galaxy Z Fold 6 SE ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။

Ref : gizmochina