Samsung ရဲ့ Galaxy Z Fold စီးရီးဟာ လာမယ့် ၂၀၂၁ ခုနှစ်မှာ ပိုပြီးတော့ ကောင်းမွန်လာမယ်လို့ ယုံကြည်ရပါတယ်။ ဒါ့အပြင် Galaxy Z Fold 3 နဲ့အတူ နောက်ထပ်မျိုးဆက် Galaxy Z Flip 3 ကိုလည်း ဖြန့်ချိမယ့်အပြင် ဈေးနှုန်းသက်သာတဲ့ Galaxy Z Fold Lite ကိုလည်း မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပါတယ်။

တွစ်တာက Leaker တစ်ဦးဖြစ်တဲ့ Tron (@cozplanes) ကတော့ Galaxy Z Fold Lite ဟာ လာမယ့်နှစ်အတွင်း Samsung က ပထမဦးဆုံးဖြန့်ချိမယ့် Foldable ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် Galaxy S21 စီးရီးနဲ့အတူ ထွက်လာမလားဆိုတာ စောင့်ကြည့်ရမယ်လို့ ဆိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မူလက Galaxy Z Fold Lite ကို ဒီနှစ်ထဲမှာ မိတ်ဆက်ဖို့ လျာထားပြီးမှ ရွှေ့ဆိုင်းလိုက်တာကြောင့် ဖြစ်ပါတယ်။

Galaxy Z Fold Lite ဟာ Ultra-Thin-Glass (UTG) အစား 7-inch မျက်နှာပြင်၊ Colorless Polyimide (CPI) film နဲ့ ထွက်လာမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဈေးနှုန်းချိုသာတဲ့ Foldable ဖြစ်မယ်ဆိုတာ သံသယဝင်စရာမလိုတော့ပါဘူး။ အဓိကမျက်နှာပြင်ကတော့ မူလ Z Fold ထက်သေးမှာမဟုတ်ပေမယ့် Cover display ကတော့ 4-inch သာ ရှိမှာ ဖြစ်ပါတယ်။

Samsung ဟာ Galaxy Z Flip 3 ကို ၂၀၂၁ ခုနှစ်ရဲ့ တတိယသုံးလပတ်မှ မိတ်ဆက်မယ်လို့ ဆိုပါတယ်။ ဒေါင်လိုက်ခေါက်ထားတဲ့ ဒီဖုန်းဟာ 6.7-inch မျက်နှာပြင်ရှိမယ်လို့ဆိုပါတယ်။ ဒီအချက်အလက်ကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်က ပေါက်ကြားလာတဲ့ 6.9-inch အရွယ်အစားနဲ့ ကွာခြားနေပါတယ်။ အဓိကမျက်နှာပြင်ဟာ UTG glass ဖြစ်ပါမယ်။

Z Flip 3 ရဲ့ Cover display အရွယ်အစားက 3-inch ဖြစ်မယ်လို့ Leaker က ညွှန်းဆိုထားပါတယ်။ ဒါဟာ 1.1-inch အရွယ်အစားရှိတဲ့ မူလ Galaxy Z Flip ထက် ကြီးမားတဲ့အရွယ်အစားအဖြစ် ပထမဦးဆုံးကြားသိရတဲ့ အချက်အလက်ပါ။

Galaxy Z Fold 3 ကိုလည်း လာမယ့်နှစ် တတိယသုံးလပတ်ထဲမှာပဲ ဖြန့်ချိမယ်လို့ ဆိုပါတယ်။ အဓိကမျက်နှာပြင်ဟာ 7-inch ရှိတာကြောင့် Galaxy Z Fold 2 ထက် သေးငယ်ပါလိမ့်မယ်။ UTG LTPO TFT screen ဟာ 4-inch ထက်သေးငယ်တဲ့ Cover screen နဲ့အတူ လာမယ်လို့ ဆိုပါတယ်။

Galaxy Z Fold 3 ဟာ သေးငယ်တဲ့မျက်နှာပြင်နဲ့ထွက်လာမယ်ဆိုတာကတော့ အနည်းငယ်အံ့သြစရာကောင်းပါတယ်။ ဒါပေမယ့် ဒီ Device မှာ Under-Display Camera နဲ့ S Pen ထောက်ပံ့ထားမယ်လို့လည်း သိရပါတယ်။ Leaker ရဲ့ဖော်ပြမှုမှာ Galaxy Z Fold FE တော့ပါဝင်ခြင်းမရှိပါဘူး။

Ref: Gizmochina