လျှပ်စစ်ကားတွေဟာ အနာဂတ်လို့ ကျွမ်းကျင်သူတွေက ပြောနေကြပါတယ်။ အဲဒါကို သက်သေပြမယ့် စစ်တမ်း ၁ ခု ထွက်ပေါ်လာပါတယ်။ သုတေသန ကုမ္ပဏီ Gartner က ၂၀၂၇ မှာ လျှပ်စစ်ကားတွေရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ လောင်စာဆီသုံးကားတွေထက် နည်းပါးလာမယ်လို့ ပြောပါတယ်။

New report suggests electric cars are getting cheaper to build

လျှပ်စစ်ကားတွေရဲ့ ဈေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်တဲ့ ဘက်ထရီတွေဟာ ပိုမို ဈေးသက်သာလာမှာပါ။ ဒါပေမယ့် လျှပ်စစ်ကားတွေရဲ့ တည်ဆောက်ပုံ ဒီဇိုင်းနဲ့ ဘက်ထရီ နည်းပညာဟာ ရှုပ်ထွေးပါတယ်။ သုတေသနစစ်တမ်းက ကားမတော်တဆမှု ဖြစ်ရင် လျှပ်စစ်ကားရဲ့ ပြင်ဆင်မှု ကုန်ကျစားရိတ်ဟာ လောင်စာဆီသုံးကားထက် ၃၀ ရာခိုင်နှုန်း ပိုများမယ်လို့ ပြောပါတယ်။

EV batteries are getting cheaper

တစ်ကမ္ဘာလုံးမှာ လျှပ်စစ်ကားတွေကို စိတ်ဝင်စားမှု မြင့်မားလာနေကြပါတယ်။ လျှပ်စစ်ကားတွေဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု မရှိကြတာက ကောင်းတဲ့ အချက် ဖြစ်ပါတယ်။

လျှပ်စစ်ကား နယ်ပယ်မှာ Tesla ဟာ ရှေ့ဆောင်လမ်းပြ ဖြစ်ခဲ့ပေမယ့် အခုတော့ တစ်ကမ္ဘာလုံးမှာ ပြိုင်ဖက်တွေ မှိုလိုပေါက်လာပါတယ်။ BYD လို တရုတ် လျှပ်စစ်ကား ကုမ္ပဏီတွေဟာ ကမ္ဘာအဝန်းကို နယ်ချဲ့လာကြပြီး Tesla ရဲ့ သရဖူကို လုယူဖို့ ကြိုးစားနေကြပါတယ်။

Ref : arenaev