ဂျာမန် စက်ရုပ် ကုမ္ပဏီ Devanthro က Robody စက်ရုပ် မော်ဒယ် အသစ်ကို မိတ်ဆက်လိုက်ပြီး ဒီဇိုင်းကို ဆန်းသစ်ထားကာ ပိုကောင်းတဲ့ ဟာ့ဒ်ဝဲတွေ ထည့်သွင်းထားပါတယ်။ အဲဒီစက်ရုပ်ဟာ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးဖို့ တီထွင်ထားတာ ဖြစ်ပြီး အစားအစာ ပြင်ဆင်ပေးတာ၊ ဆေးဝါးတွေကို စီမံခန့်ခွဲတာ၊ ပစ္စည်းတွေကို ရှာပေးတာနဲ့ စကားပြောတာတွေ ပြုလုပ်နိုင်ပါတယ်။

Robodies Will Scale the Care Market. This is Why. – DEVANTHRO

Devanthro က ကျန်းမာရေး လုပ်သားတွေနဲ့ မိသားစုဝင်တွေကိုကူညီပေးဖို့ ရည်ရွယ်ထားပြီး စက်ရုပ်က သက်ကြီးရွယ်အိုတွေကို ၂၄ နာရီ အချိန်ပြည့် စောင့်ရှောက်နိုင်ပါတယ်။ အဆင့်မြင့် စက်ရုပ်မှာ AI , Virtual Reality နဲ့ 5G နည်းပညာတွေ ထည့်သွင်းထားပြီး မိသားစုဝင်တွေက စက်ရုပ်ကို အဝေးကနေ ထိန်းချုပ်ခိုင်းစေနိုင်ပါတယ်။

Introducing Devanthro - YouTube

စက်ရုပ်ကို Virtual Reality Interface ကနေ လွယ်ကူစွာ ထိန်းချုပ်နိုင်ပါတယ်။ မိသားစုဝင်တွေက စက်ရုပ်ရဲ့ မျက်လုံး ကနေ မြင်နိုင်ပြီး ပတ်ဝန်းကျင်က အသံတွေကို ကြားနိုင်ပါတယ်။ ဒါ့အပြင် မိသားစုဝင်တွေဟာ ကိုယ်ပိုင် အသံနဲ့ စကားပြောနိုင်ပါတယ်။

Robody ရဲ့ လှုပ်ရှားမှုဟာ လူသားတွေနဲ့ တော်တော်တူပြီး ခြေဟန်လက်ဟန်တွေကို ပြသနိုင်ပါတယ်။ ဒါ့အပြင် သက်ကြီးရွယ်အိုတွေကို ပွေ့ဖက်ကာ ချစ်ခင်နွေးထွေးမှု ပေးနိုင်ပါသေးတယ်။

Ref: Technology Innovation