အာကာသမှာ Fine Dining စားသုံးချင်သူတွေ အဆင်သင့်ပြင်ထားကြပါ။ အာကာသ ခရီးသွားလုပ်ငန်း ကုမ္ပဏီ SpaceVIP က ဒေါ်လာ သန်း ၅၀၀ တန် အာကာသ ညစာစားပွဲကို နောက်နှစ်မှာ ပြုလုပ်ပေးတော့မှာပါ။

လူ ၆ ယောက်ပဲ လိုက်ပါခွင့်ရှိပြီး အာကာသမှာ ၆ နာရီကြာ လည်ပတ်နိုင်မှာပါ။ ဘောလုံး အာကာသယာဉ်နဲ့ ကမ္ဘာမြေအထက် ၃၀ ကီလိုမီတာကို သွားရောက်နိုင်မှာပါ။

အာကာသကို ရောက်ရင် Michelin-star ရထားတဲ့ စားဖိုမှူး Rasmus Munk ရဲ့ အထူး ဖန်တီးထားတဲ့ ဟင်းလျာတွေကို စားသုံးနိုင်မှာပါ။

US Company To Launch Dining In Space Mission In 2025 For This Whopping Cost

Munk က တစ်မူထူးခြားတဲ့ အာကာသ မီနူးကို ဖန်တီးပေးထားမယ်လို့ ကတိပေးထားပြီး အစားအစာနဲ့ အာကာသ ခရီးသွား အရသာကို ပေါင်းစပ်ထားတဲ့ ဒီကမ္ဘာမှာ မရှိတဲ့ အရသာမျိုး ရစေမယ်လို့ ပြောပါတယ်။ ဒေါ်လာ သန်း ၅၀၀ ဆိုတဲ့ ဈေးက မသေးပေမယ့် အာကာသ ညစာကို အံ့အားသင့်စရာ ကောင်းလောက်အောင် လူတွေ စိတ်ဝင်စားနေကြတယ်လို့ သူက ပြောပါတယ်။ အနာဂတ်မှာ အာကာသ ညစာ ခရီးစဉ်တွေကို ဈေးနှုန်း ညှိနှိုင်းပေးပြီး ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Space Perspective now selling $125,000 tickets to space on a balloon

ဘောလုံး အာကာသယာဉ်ကို Space Perspectives က တည်ဆောက်ထားတာ ဖြစ်ပါတယ်။ နာဆာ Concept ကို အခြေခံယူထားပြီး မိုးပျံဘောလုံး ဒီဇိုင်း ဖြစ်တဲ့အတွက် ရှုပ်ထွေးတဲ့ ဒုံးပျံ စနစ်တွေ မလိုအပ်တော့ပါဘူး။ ခရီးသည်တွေ စီးနင်း ရတာ သက်တောင့်သက်သာရှိပြီး အထူးသင်တန်းတွေ တက်စရာမလို ပါဘူး။

အာကာသ ညစာ ဝန်ဆောင်မှုကို ပြုလုပ်ပေးမှာ SpaceVIP ကုမ္ပဏီ ၁ ခု ထဲ မဟုတ်ပါဘူး။ ပြင်သစ် ကုမ္ပဏီ Zephalto က အလွန် ဈေးသက်သာတဲ့ ဒေါ်လာ ၁၃၂,၀၀၀ နဲ့ အာကာသ ညစာ ပြုလုပ်ပေးမယ်လို့ ကြေညာထားပါတယ်။

Ref : gizmochina