Gionee က K30 Pro ကို ကြေညာလိုက်ပြီး Specs အပြည့်အစုံကို မပြောသေးပေမယ့် တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပါတယ်။  K30 Pro မှာ ၆.၅၃ လက်မ IPS LCD 720x1520p မျက်နှာပြင် ထည့်သွင်းထားပြီး အရွယ်သေး Notch ပါလာပါတယ်။ ကုမ္ပဏီက ကြေညာလိုက်တဲ့ ဓါတ်ပုံမှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါသလို ထင်ရပေမယ့် တကယ်တော့ မပါပါဘူး။ လက်ဗွေရာ ကိရိယာကို အနောက်ဘက်က ကင်မရာ အကွက်ထဲမှာ ထည့်ထားတဲ့ ဒီဇိုင်းက ထူးခြားပြီး Huawei Mate 30 Pro နဲ့ တော်တော်ကြီး တူပါတယ်။

Gionee K30 Pro revealed with 4,000 mAh battery and 128GB base storage

Chipset ကို မသိရသေးပေမယ့် Octa-core 2GHz CPU ပါတဲ့ MediaTek SoC လို့ Specs Page မှာ ဖော်ပြထားပါတယ်။ 6GB or 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 16MP Main ပါလာပြီး Ultrawide ကင်မရာနဲ့ Depth ကင်မရာတွေကို မသိရသေးပါဘူး။ ဆဲလ်ဖီး ကင်မရာကတော့ 8MP ဖြစ်ပါတယ်။

Gionee K30 Pro revealed with 4,000 mAh battery and 128GB base storage

ဘက်ထရီက 4,000mAh ဖြစ်ပြီး ဒိတ်အောက်နေတဲ့ Android 7.1.1 OS ထည့်ထားတာက မမိုက်ပါဘူး။ နောက်ဆုံးထုတ် Version က Android 11 တောင် ဖြစ်နေပါပြီ။ K30 Pro ရဲ့ 6/128GB ကို ၆၉၉ ယွမ်နဲ့ 8/128GB ကို ၇၉၉ ယွမ် သတ်မှတ်ထားပြီး ၁ သိန်း ၄ သောင်းနဲ့ ၁ သိန်း ၆ သောင်းလောက်ပဲ ကျသင့်မှာပါ။ အပြာ၊ အဖြူနဲ့ အနက်ရောင် ထုတ်လုပ်ထားပြီး ၁ သိန်းကျော်တန် ဖုန်း ကိုင်ချင်သူတွေအတွက် ရွေးချယ်စရာ ၁ ခုပါ။

Ref : gsmarena