Gionee က ဒီလ ၂၅ ရက်နေ့မှာ စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Gionee Max လို့ နာမည်ပေးထားပြီး အိန္ဒိယမှာ Flipkart ကနေ ရောင်းချမှာ ဖြစ်ပါတယ်။ Promo Page ကို Flipkart မှာ လွှင့်တင်ထားပြီ ဖြစ်ပြီး အရွယ်သေး Notch တပ်ဆင်ထားမှာဖြစ်ပါတယ်။

တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်တဲ့အတွက် မျက်နှာပြင်ဘေးဘောင်တွေက နည်းနည်း ထူနေပြီး ရူပီး ၆,၀၀၀ အောက်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ မြန်မာငွေ ၁ သိန်းလောက်ပဲ ကျသင့်မှာ ဖြစ်ပြီး ထိပ်ဘက်မှာ နားကြပ်ပေါက် တပ်ဆင်ထားပါတယ်။

Gionee Max ရဲ့ တခြား Specifications တွေကို မသိရသေးပေမယ့် Promo Page မှာ အရွယ်အစား ကြီးမားတဲ့ ဘက်ထရီ ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။ လာမယ့် ရက်ပိုင်းအတွင်းမှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်အသေးစိတ်ကို တရားဝင် သိရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena