ပြီးခဲ့တဲ့လတုန်းက Gionee ကနေ လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကုမ္ပဏီရဲ့ High End ဖုန်းတစ်ခုကို ထုတ်ပြန်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။

အခုအချိန်မှာတော့ အဆိုပါ ဖုန်းက Gionee S11 ဖြစ်တယ်လို့ သိရပြီး အခုဆိုရင် ဖုန်းရဲ့ ဓါတ်ပုံတွေပါ ပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။ အခုပေါက်ကြားလာတဲ့ ဓါတ်ပုံတွေက ဖုန်းရဲ့ အရှေ့ဘက်ကို ရိုက်ကူးထားတဲ့ ဓါတ်ပုံ တစ်ပုံနဲ့ အနောက်ဖက်ကို ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေပဲဖြစ်ပါတယ်။

Gionee S11 ဖုန်းမှာဆိုရင် အဓိကအနေနဲ့ ကင်မရာ ၄ လုံးပါလာမှာဖြစ်ပြီး အရှေ့ဘက်မှာ ၂ လုံး၊ အနောက်ဖက်မှာ ၂ လုံးဖြစ်ပါတယ်။ Megapixels အရလည်း 16MP + 8MP Camera တွေဆိုတော့ တော်တော်လေးကို ကောင်းမွန်မယ်လို့ ယူဆရပါတယ်။

Gionee S11 ဖုန်းဟာ 6″ 18:9 Ratio Display ကိုပဲ အသုံးပြုလာမှာဖြစ်ပြီးတော့ ဘေးဘောင်တွေလည်းပါးလွှာပြီး အပြာရောင်၊ ရွှေရောင် နဲ့ ပန်းရောင်ဆိုပြီး ၃ ရောင်နဲ့ ရောင်းချသွားမယ်လို့ ယူဆရပါတယ်။