Xiaomi က Mi 11 Global Version ကို နိုင်ငံတကာမှာ မကြာခင် ရောင်းမယ်လို့ အတည်ပြုထားပြီးပါပြီ။ ပေါက်ကြားသတင်းတွေက ဖေဖော်ဝါရီလမှာ ကြေညာမယ်လို့ ဆိုနေကြပြီး အခုတော့ Mi 11 Global Version ကို အမေရိကန်ဆက်သွယ်ရေး ကော်မရှင် (FCC) မှာ မှတ်ပုံတင်ထားပြီ ဖြစ်ပြီး သတင်းအချက်အလက်တချို့ကို ဖော်ပြထားပါတယ်။

FCC မှာ Memory Configurations ၃ မျိုးတွေ့ရပြီး 6/128 GB, 8/128 GB နဲ့ 8/256 GB တို့ ဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံတကာ Version အတွက် 12GB RAM မထုတ်လုပ်ပေးနိုင်ပါဘူး။

Mi 11 ဟာ Dual SIM စမတ်ဖုန်း ဖြစ်ပြီး microSD Card Slot မပါပါဘူး။ FCC မှာ Software Version ကို MIUI 12 လို့ ဖော်ပြထားပြီး တကယ်တော့ MIUI 12.5 ဖြစ်နိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ 55W Fast Charging ထည့်သွင်းထားမှာ ဖြစ်ပြီး ကျန်တဲ့ Specs တွေက တရုတ် Version နဲ့ တူညီပါတယ်။

FCC မှာ Mi 11 ရောင်းမယ့် အချိန်နဲ့ ဈေးနှုန်းကို မဖော်ပြထားပါဘူး။ တရုတ်မှာ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၄,၀၀၀ ယွမ် သတ်မှတ်ထားပြီး ၈ သိန်း ၂ သောင်းလောက် ကျသင့်ပါတယ်။ Mi 11 Pro ကို နောက်လမှာ ကြေညာမယ်လို့ သတင်းထွက်နေပြီး Mi 11 Lite လာမယ်လို့လည်း ပေါက်ကြားနေပါတယ်။ နိုင်ငံတကာမှာ အဲဒီ ၂ လုံးကိုပါ ရောင်းမလား ဆိုတာ မသိရသေးပါဘူး။

Ref : gsmarena