Video-First Unified Communications တွင် ထိပ်တန်းနေရာကိုရရှိထားသော Zoom Video Communications, INC နှင့် နိုင်ငံ့ဦးဆောင်နည်းပညာထုတ်လုပ်မှုလုပ်ငန်းဖြစ်သော Global Technology Company (GlobalNet) တို့ပူးပေါင်းကာ COVID 19 ကူးစက်ရောဂါ ကာကွယ်တိုက်ဖျက်နေစဉ်ကာလအတွင်း စီးပွားရေးလုပ်ငန်းများ၊ မြန်မာ့ပညာရေး ကဏ္ဍစုံ အတွက် ခေတ်မီ ဗီဒီယိုဆက်သွယ်ရေးပလက်ဖောင်းနှင့်ဆက်သွယ်ခြင်းကို အလျင်အမြန် နေသားတကျ ဖြစ်လာ စေရန် ကူညီပံ့ပိုးပေးမည်။

Global Technology Company (GlobalNet) နိုင်ငံ့ဦးဆောင်နည်းပညာဝန်ဆောင်မှုလုပ်ငန်းနှင့် Zoom Video Communications, Inc ၏ Zoom (NASDAQ:ZM) Full suite of solutions တို့သည် ပထမဦးဆုံးအကြိမ် လက်တွဲခဲ့ကြသည်။ Zoom နှင့် ပူးပေါင်းမှုအသစ်သည် နည်းပညာပိုင်းတွင် ဦးဆောင်နေသော Zoom ၏ product suite အလုံးစုံကို မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ ဝင်ရောက်လာစေသောပထမဆုံးအခွင့်အလမ်းဖြစ်သည်။ ဤအစီအစဉ်မှတဆင့် Global Technology ၏ မိတ်ဖက် များ သည် Zoom ၏ video- first unified communications solutions အပါအဝင် Zoom Meetings, Zoom Rooms နှင့် Zoom Webinars တို့အတွက်ပါ access ရရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ ဈေးကွက်ဦးဆောင်သူဖြစ်သည့်အလျောက် ကျွန်ုပ်တို့၏ ပြည့်စုံသော ICT ဝန်ဆောင်မှု များကို မြန်မာတစ်ပြည်လုံး၏ စီးပွားရေးအချက်ကျသော မြို့များ၊ ဈေးကွက်များအထိ ဖြန့်ကြက်ထားသော ကျယ်ပြန့်သည့် ဒေတာကွန်ရက် ကလည်း အထောက်အကူပေးထားသည်။ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်း နိုင်ငံ ၄ နိုင်ငံကျော်တွင် ရုံးခွဲ(၁၁) ခုရှိပါသည်။ အုပ်စု၏ ဒေသတွင်း အဆက်အသွယ်များ ၊ငွေပေးချေမှုစနစ်များ၊ သုံးစွဲသူများနှင့် မျိုးစုံထိတွေ့ဆက်နွှယ်နေမှု စ‌သည့် ထူးခြားသော အရည်အသွေးများကို အသုံးချ၍သုံးစွဲသူများအနေဖြင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများမှတစ်ဆင့် ဆန်းသစ်ပြီး အံ့သြဖွယ်ရာ ကောင်းသော အတွေ့အကြုံများကို ရှာဖွေတွေ့ရှိနိုင်ရန်ကူညီပေးခြင်းဖြင့် စီးပွားရေး၏ အခွင့်အလမ်းများဖန်တီးရှာဖွေရန် ရည်ရွယ်ပါသည်။ အမျိုးအစားစုံလင်သော ဝန်ဆောင်မှုစာရင်းတွင် Zoom ကို ထည့်သွင်းလိုက်ခြင်းဖြင့် Company သည် ပြည့်စုံသော ဆက်သွယ်မှုဖြေရှင်းချက်ကို သုံးစွဲသူများဆီသို့ Cloud, connectivity, end points သို့မဟုတ် device များနှင့် ဝန်ဆောင်မှုပေးနိုင်တော့မည်ဖြစ်သည်။

“Zoom သည် မြန်မာနိုင်ငံအတွက် လုံးဝမရှိမဖြစ်လိုအပ်သော အရေးပါသည့်ခေတ်မီဆက်သွယ်ရေး ပလက်ဖောင်း ဖြစ်သည်။ ဗီဒီယိုဆက်သွယ်ရေးဈေးကွက်တွင် ဦးဆောင်နေသည့် Zoom နှင့် ယခုလက်ရှိ ကျွန်ုပ်တို့လုပ်ငန်းစု နှင့် ပူးပေါင်းမှု အတွက် အလွန်စိတ်လှုပ်ရှားနေကြသည်။” ဟု Global Technology Group ၏ Co-Founder နှင့် Chairman ဖြစ်သူ ဦးရှိန်းသူအောင်က ပြောကြားခဲ့သည်။ ဆက်လက်၍ “ဒီအခွင့်အလမ်းက မြန်မာစီးပွားရေးလုပ်ငန်းများ၊ အစိုးရအေဂျင်စီ များနှင့် စာသင်ကျောင်းများ၊ တက္ကသိုလ်များနှင့် ကောလိပ်များစသည့် ပညာရေးကဏ္ဍသစ်များ ဖွင့်လှစ်ရန်နှင့် ယခင်က သူတို့ရယူခွင့်မရခဲ့သည့်အခွင့်အလမ်းအသစ်များကို ရှာဖွေရန်ခွင့်ပြု လိမ့်မည် ယနေ့တွေ့ကြုံနေရ သော စီးပွားရေး စိန်ခေါ်မှု အခြေအနေများတွင် video communication ထက် ပို၍သင့်တော် မည့်ဆက်သွယ်ရေးစနစ် မရှိနိုင်ပါ” ဟု ထပ်မံ ပြောကြား ခဲ့သည်။

“ကျွန်ုပ်တို့ GlobalNet က Zoom နဲ့အတူ Unified Communication မှာဦးဆောင်အဖွဲ့အစည်းအဖြစ် တည်ရှိစေခဲ့ပြီး ကျွန်ုပ်တို့ရဲ့ ဆုတံဆိပ်ရနည်းပညာနဲ့နှစ်ပေါင်း ၂၀ အတွေ့အကြုံများမှတစ်ဆင့် ကျွန်ုပ်တို့ရဲ့ သုံးစွဲသူတွေပိုပြီး အဆင်ပြေ စေရန်အတွက် ကူညီနိုင်တော့မည် ။” ဟု Global Technology Group ၏ Co-Founder နှင့် Managing Director ဖြစ်သည့်ဦးမင်းဆွေလှိုင်မှ ပြောကြားခဲ့သည်။ “Zoom က Microsoft Teams နဲ့ခိုင်မာတဲ့ပေါင်းစပ်မှုရှိတဲ့အတွက် ကျွန်ုပ်တို့ GlobalNet ကပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ပေးနိုင်ပါတယ်။ GlobalNet သည် Zoom နဲ့အတူတူ သုံးစွဲသူတွေ ပိုများလာအောင် ကျွန်ုပ်တို့ ဘယ်လိုချိတ်ဆက်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းလုပ်ထားပါတယ်။” ဟု ထပ်မံပြောကြား ခဲ့ပါသည်။

“ကျွန်ုပ်တို့က သုံးစွဲသူတွေအတွက် အကောင်းဆုံးလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရမယ်လို့ ကတိပေးထား တဲ့အတွက် ကြောင့် ကျွန်ုပ်တို့သုံးစွဲသူများကို ယခု UCaaS ပလက်ဖောင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီဆိုတဲ့အတွက် ကျွန်ုပ်တို့ ဝမ်းသာ ရပါတယ်။ ပေါင်းစည်းထားသောဆက်သွယ်ရေးများ ဝယ်လိုအားတိုးပွားလာသည်နဲ့အမျှ တစ်နိုင်ငံလုံး မှာရှိတဲ့ သုံးစွဲသူတွေက ကျွန်ုပ်တို့ရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ Zoom ကိုဈေးနှုန်းချိုသာစွာဖြင့် ဈေးကွက်မှာ ဝယ်ယူရရှိနိုင်ပါပြီ။” လို့ Global Technology Group ရဲ့ Co-Founder နဲ့Chief Executive Officer ဖြစ်သူ ဦးသိန်းသန်းတိုးမှ ပြောကြားခဲ့သည်။ ကျွန်ုပ်တို့က နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ ပူးပေါင်းမှုတွေနဲ့မြန်မာနိုင်ငံအတွက် တိုးတက်မှု အခွင့်အလမ်း များစွာကို မျှော်လင့်နေပါသည်။

Source – Global Technology Group