Gmail App ဟာ Google ရဲ့ ထင်ရှားတဲ့ Android application တွေထဲက တစ်ခုဖြစ်ပြီး ၂၀၁၉ အောက်တိုဘာ နှောင်းပိုင်းကစလို့ Dark Mode လည်း ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် Gmail App မှာ Dark Mode ထောက်ပံ့ပေးမှုဟာ ပြီးပြည့်စုံတဲ့ အနေအထားတစ်ရပ်တော့ မရောက်သေးဘူးလို့ ဆိုနိုင်ပါတယ်။

လက်ရှိအချိန်မှာ သုံးစွဲသူတွေက Theme အနေနဲ့ Light, Dark နဲ့ System default ဆိုပြီးရွေးချယ်နိုင်ပေမယ့် အသုံးပြုသူအားလုံးအတွက် server-side rollout ဖြစ်ဖို့တော့ အချိန်ယူရဖွယ် ရှိနေပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက Gmail ဗားရှင်း 2019.12.30.289507923 မှာ Theme setting ပျောက်ကွယ်သွားလို့ပါပဲ။

Theme setting ပျောက်သွားတဲ့အတွက် Gmail App ဟာ မူလအတိုင်း အဖြူရောင်ဒီဇိုင်းနဲ့ပဲ အသုံးပြုနိုင်တော့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်က အသုံးပြုသူအားလုံးမှာ မဟုတ်ခဲ့ပေမယ့် တွစ်တာ၊ Reddit နဲ့ အခြားလူမှုကွန်ရက်တွေမှာတော့ Theme setting ပျောက်သွားကြောင်း မျှဝေတဲ့ ပို့စ်တွေကို တွေ့မြင်ရပါတယ်။

Dark Mode ပျောက်ကွယ်သွားတဲ့ Device တွေအနက် Pixel 2, 3 နဲ့ 4 အသုံးပြုသူတွေက အတော်လေး အရေအတွက် များဖွယ်ရှိပါတယ်။ Google ကတော့ ဒီပြဿနာဟာ ဘာကြောင့်ဖြစ်တယ်ဆိုတာကို ရှင်းလင်းပေးခြင်း မရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် Server-side change ဖြစ်တာကြောင့် Google မှာပဲ တာဝန်ရှိတာ ဖြစ်ပါတယ်။

Ref: 9To5Google