Zawgyi

Google Gmail ကို အသုံးျပဳေနတဲ့သူေတြဆိုရင္ Email ႐ိုက္တဲ့အခ်ိန္မွာ ေနာက္လာမယ့္ စာေၾကာင္းကို အလိုအေလ်ာက္ Suggest ျပဳလုပ္ေပးတဲ့ Smart Compose Feature နဲ႔ ရင္းႏွီးၿပီးျဖစ္မွာပါ။ Google က အဆိုပါ Smart Compose Feature ကို Gmail အတြက္ မႏွစ္တုန္းက မိတ္ဆက္ခဲ့တာျဖစ္ၿပီး အခုအခ်ိန္မွာ Web Browser အျပင္ Mobile Device ေတြမွာပါ အသုံးျပဳေနႏိုင္ၿပီျဖစ္ပါတယ္။

အဆိုပါ Smart Compose Feature ဟာ Gmail အသုံးျပဳသူေတြအတြက္ သိသိသာသာကို ပိုအဆင္ေျပေစလာတာျဖစ္ၿပီး ထပ္ဖန္တလဲလဲ ႐ိုက္ေနရတဲ့ Address ၊ Email အျပင္ ကိုယ္႐ိုက္ေနတဲ့ စာေၾကာင္းေပၚမႈတည္ၿပီးေတာ့ ေနာက္လာမယ့္ စာကိုပါခန္႔မွန္းတဲ့ေနရာမွာပါ Tab Key ဒါမွမဟုတ္ Swipe ျပဳလုပ္လိုက္တာနဲ႔ ျဖည့္ေပးသြားတာျဖစ္ပါတယ္။ အဲ့ဒီအတြက္လည္း Google ကေန AI နည္းပညာအျပင္ ကိုယ့္ Email ပုံစံေတြကိုပါ Machine Learning နဲ႔ ေလ့လာၿပီး ေဆာင္႐ြက္ေနတာပါ။

အခုအခ်ိန္မွာေတာ့ Google ကေန Smart Compose Feature ကို Gmail အျပင္ Google Docs အသုံးျပဳသူေတြဆီကိုပါ ယူေဆာင္လာေပးေတာ့မယ္ဆိုၿပီး ေၾကညာခဲ့ပါတယ္။ Google ရဲ႕ ေျပာၾကားခ်က္အရေတာ့ Google Docs မွာလည္း Gmail လိုမ်ိဳး ကိုယ္ေရးေနတဲ့ စာေပၚမွာမူတည္ၿပီးေတာ့ ေနာက္လာမယ့္ စာေၾကာင္းကို အလိုအေလ်ာက္ ခန႔္မွန္းေပးသြားမွာျဖစ္ပါတယ္။

အခုလိုမ်ိဳး Google Docs မွာပါ ရရွိလာတဲ့အတြက္ Google Docs မွာ စာေရးမယ္ဆိုရင္ စကားလုံးေတြ ထပ္တလဲလဲအသုံးျပဳရတဲ့အေျခအေနမ်ိဳးမွာ ပိုၿပီးျမန္ဆန္လာမွာျဖစ္သလို Grammar မွားမွာ၊ စာလုံးေပါင္းမွားမွာမ်ိဳးကိုလည္း စိတ္ပူေနစရာမလိုေတာ့ပါဘူး။ ဒီအခ်က္ကေတာ့ Microsoft Word နဲ႔ယွဥ္ရင္ သိသာတဲ့ အားသာခ်က္တစ္ခုျဖစ္လာႏိုင္ပါတယ္။

Smart Compose Feature ကို လက္ရွိအေနနဲ႔ G Suite အသုံးျပဳသူေတြက Beta အေနနဲ႔ စတင္အသုံးျပဳႏိုင္မွာျဖစ္ၿပီး က်န္တဲ့အသုံးျပဳသူေတြအတြက္ကေတာ့ ေနာက္ႏွစ္မွာ အသုံးျပဳႏိုင္မယ္လို႔ ယူဆရပါတယ္။

Ref – Phone Arena

Unicode

Google Gmail ကို အသုံးပြုနေတဲ့သူတွေဆိုရင် Email ရိုက်တဲ့အချိန်မှာ နောက်လာမယ့် စာကြောင်းကို အလိုအလျောက် Suggest ပြုလုပ်ပေးတဲ့ Smart Compose Feature နဲ့ ရင်းနှီးပြီးဖြစ်မှာပါ။ Google က အဆိုပါ Smart Compose Feature ကို Gmail အတွက် မနှစ်တုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ Web Browser အပြင် Mobile Device တွေမှာပါ အသုံးပြုနေနိုင်ပြီဖြစ်ပါတယ်။

အဆိုပါ Smart Compose Feature ဟာ Gmail အသုံးပြုသူတွေအတွက် သိသိသာသာကို ပိုအဆင်ပြေစေလာတာဖြစ်ပြီး ထပ်ဖန်တလဲလဲ ရိုက်နေရတဲ့ Address ၊ Email အပြင် ကိုယ်ရိုက်နေတဲ့ စာကြောင်းပေါ်မှုတည်ပြီးတော့ နောက်လာမယ့် စာကိုပါခန့်မှန်းတဲ့နေရာမှာပါ Tab Key ဒါမှမဟုတ် Swipe ပြုလုပ်လိုက်တာနဲ့ ဖြည့်ပေးသွားတာဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း Google ကနေ AI နည်းပညာအပြင် ကိုယ့် Email ပုံစံတွေကိုပါ Machine Learning နဲ့ လေ့လာပြီး ဆောင်ရွက်နေတာပါ။

အခုအချိန်မှာတော့ Google ကနေ Smart Compose Feature ကို Gmail အပြင် Google Docs အသုံးပြုသူတွေဆီကိုပါ ယူဆောင်လာပေးတော့မယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ Google ရဲ့ ပြောကြားချက်အရတော့ Google Docs မှာလည်း Gmail လိုမျိုး ကိုယ်ရေးနေတဲ့ စာပေါ်မှာမူတည်ပြီးတော့ နောက်လာမယ့် စာကြောင်းကို အလိုအလျောက် ခန့်မှန်းပေးသွားမှာဖြစ်ပါတယ်။

အခုလိုမျိုး Google Docs မှာပါ ရရှိလာတဲ့အတွက် Google Docs မှာ စာရေးမယ်ဆိုရင် စကားလုံးတွေ ထပ်တလဲလဲအသုံးပြုရတဲ့အခြေအနေမျိုးမှာ ပိုပြီးမြန်ဆန်လာမှာဖြစ်သလို Grammar မှားမှာ၊ စာလုံးပေါင်းမှားမှာမျိုးကိုလည်း စိတ်ပူနေစရာမလိုတော့ပါဘူး။ ဒီအချက်ကတော့ Microsoft Word နဲ့ယှဥ်ရင် သိသာတဲ့ အားသာချက်တစ်ခုဖြစ်လာနိုင်ပါတယ်။

Smart Compose Feature ကို လက်ရှိအနေနဲ့ G Suite အသုံးပြုသူတွေက Beta အနေနဲ့ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး ကျန်တဲ့အသုံးပြုသူတွေအတွက်ကတော့ နောက်နှစ်မှာ အသုံးပြုနိုင်မယ်လို့ ယူဆရပါတယ်။

Ref – Phone Arena