[Zawgyi]
ဓါတ်ပုံအရ ဖုန်းရဲ့ အနောက်ဘက် အောက်ခြေ ညာဘက်မှာ စိန်နဲ့ ပုံဖော်ထားတဲ့ K Logo ကို တွေ့ရပါတယ်။ အနောက်ဘက်ကို ရွှေနဲ့ သွန်းလောင်း အလှဆင်ထားပြီး မျဉ်းကြောင်း ပုံသဏ္ဍာန် ဖော်ထားပါတယ်။  ရွှေနဲ့ အလှဆင်ထားတဲ့ အထူးထုတ် မော်ဒယ်ရဲ့ ဈေးကတော့ မသေးပါဘူး။  ရူပီး ၄၈၀ ၀၀၀ ရှိပြီး ယူရို ၆၂၀၀ လောက်ကျသင့်မှာ ဖြစ်ပါတယ်။ မြန်မာငွေအားဖြင့် သိန်း ၁၀၀ စွန်းစွန်း တန်ကြေးရှိနိုင်ပါတယ်။
Redmi K20 နဲ့ K20 Pro များမှာ တူညီတဲ့ အချက်များ ရှိပါတယ်။ သူတို့မှာ ၆.၃၉ လက်မ AMOLED Display ထည့်သွင်းထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ သုံးလုံး ထည့်သွင်းထားပြီး 48MP Main Camera , Telephoto Camera နဲ့ Ultrawide Camera များ ဖြစ်ပါတယ်။ ဘက်ထရီက 4000mAh ဖြစ်ပါတယ်။ အဓိက ကွာခြားချက်က K20 Pro မှာ စွမ်းဆောင်ရည်မြင့် Qualcomm Snapdragon 855 Chipset မောင်းနှင်ထားပါတယ်။ K20 မှာတော့ စွမ်းဆောင်ရည်သင့် Qualcomm Snapdragon 730 Chipset ပါပါတယ်။
Ref : gsmarena
[Unicode]
ရွှေနဲ့ အလှဆင်ထားတဲ့ Redmi K20 နဲ့ K20 Pro ကို ကြေညာဖို့ နာရီပိုင်းပဲလိုတော့တယ်
Redmi က မနက်ဖြန်မှာ ရွှေနဲ့ အလှဆင်ထားတဲ့ Redmi K20 နဲ့ K20 Pro ကို ကြေညာမယ်လို့ ကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ ဒုတိယ ဥက္ကဌ ဖြစ်သူ Manu Kumar Jain က မနကေ့ ကြေညာလိုက်ပါတယ်။ အဲဒီအတွက် သူတို့ကို ကြေညာဖို့ နာရီပိုင်းပဲလိုပါတော့တယ်။ သူတို့ဟာ Limited Edition များ ဖြစ်ပါတယ်။ သူက Twitter မှာ ကြေညာလိုက်တာ ဖြစ်ပြီး ဖုန်းရဲ့ ဓါတ်ပုံကိုလည်း တင်ထားပါတယ်။