Google ကနေ Pixel ဖုန်းတွေအတွက် March Security Patch Update အပြင် ဒုတိယအကြိမ်မြောက် Pixel Feature Drop ဆိုပြီး Pixel ဖုန်းတွေအတွက် သီးသန့် Software Update တွေကို မကြာသေးခင်တုန်းက ထုတ်ပေးခဲ့ပါတယ်။ အဆိုပါ Pixel Feature Drop မှာပါဝင်တဲ့ Pixel 4 ဖုန်းတွေအတွက် Feature တစ်ခုက ထူးထူးဆန်းဆန်းစိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်။

ဒါကတော့ Pixel 4 ဖုန်းတွေမှာ ပုံမှန် Home Screen ဒါမှမဟုတ် App တစ်ခုခုကို Long Press ဖိထားရင် အသုံးပြုနိုင်တဲ့ Function တွေကို Long Press အစား Apple ရဲ့ 3D Touch ပုံစံမျိုး Screen ကို Pressure နဲ့ဖိထားရင်အသုံးပြုလို့ရတဲ့ Feature ကိုထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။ ဒါကိုတော့ Google က Apple လိုမျိုး နာမည်သီးသန့်မပေးခဲ့သလို Improvement on Long Press ဆိုပြီးပဲ Changelog မှာ ဖော်ပြခဲ့တာပါ။

Google အနေနဲ့ အဆိုပါ 3D Touch ပုံစံ Feature အတွက် Tutorial ကိုလည်းဖော်ပြထားခြင်းမရှိခဲ့သလို လောလောဆယ်မှာ Pixel 4 ဖုန်းတွေမှာပဲရရှိသေးတဲ့အတွက် နောက်ပိုင်းမှာ တခြား Pixel 3 နဲ့ Pixel 3a လိုမျိုးဖုန်းတွေမှာပါ ရရှိလာနိုင်မလားဆိုတာကိုလည်း မသိရှိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Apple ကနေ Hardware ပိုင်း Support မလုပ်နိုင်တော့တဲ့အတွက် 3D Touch Feature ကို iPhone 11 Series မှာ ဖြုတ်လိုက်တဲ့အချိန်မှာ Google ကနေ Software Update နဲ့တင် 3D Touch နဲ့အလားတူ Feature ကို ပုံမှန် Hardware သီးသန့်ပါဝင်ခြင်းမရှိတဲ့ Pixel 4 လိုဖုန်းမှာ အသုံးပြုနိုင်အောင် ပြုလုပ်ပေးတာကတော့ အထင်ကြီးစရာပါ။

Ref – Android Authority