Google ဟာ မကြာသေးခင်ရက်ပိုင်းတုန်းက Android အတွက် Feature အသစ် အမြောက်အများကို ကြေညာခဲ့ပါတယ်။ အဲ့ဒီထဲမှာ Privacy နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ Feature အသစ်ကိုလည်း ကြေညာခဲ့တာဖြစ်ပါတယ်။

ဒါကတော့ လက်ရှိ Android Message App အတွက် End-to-End Encryption စနစ်ကို Update ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ Google ဟာ End-to-End Encryption ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက စတင်စမ်းသပ်ခဲ့ပြီး မကြာခင်မှာ လူတိုင်းစတင်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

ဒါပေမယ့် Android Messages App မှာ End-to-End Encryption ကို Support ပေးလာမယ်ဆိုပေမယ့် ဒါက SMS တွေကို Encrypted ပြုလုပ်ပေးမှာမဟုတ်ပါဘူး။ အဲ့ဒီအစား Android Message အသုံးပြုသူအချင်းချင်းပဲ Rich Communication Services (RCS) ကနေ ပေးပို့တဲ့ Message တွေပဲ Encrypted ပြုလုပ်ပေးမှာဖြစ်ပါတယ်။ အဆိုပါ End-to-End Encryption စနစ်ကို Conversation တစ်ခုချင်းစီကို ရွေးချယ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ End-to-End Encryption အသုံးပြုပြီး Message ပေးပို့မယ်ဆိုရင် Send Button ဘေးနားမှာ Lock Icon လေးကို မြင်တွေ့ရမယ်လို့ သိရပါတယ်။ ဒါက Google Message App ကို Apple iMessage နီးပါး Security ပိုင်းမှာ တိုးတက်လာမှာဖြစ်ပါတယ်။

ဒီ Google Message App ကို အသုံးပြုနေပြီး RCS Feature ကို အသုံးပြုချင်တယ်ဆိုရင်တော့ Settings ကနေတစ်ဆင့် Chat Features ကို သွားရောက်ပြီး အသုံးပြုမယ့်ဖုန်းနံပါတ်နဲ့ Setup ပြုလုပ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

Ref – Tech Rader