တစ်ခါတလေ ကိုယ့်ဘာသာကို Facebook သုံးနေရင် အနောက်က လူတစ်ယောက်က လာကြည့်တာ၊ ဒါမှမဟုတ် ဘတ်စ်ကားစီးနေရင်း အနောက်မှာထိုင်နေတဲ့သူက ကိုယ့်ဖုန်းကို ခိုးကြည့်နေတာ ကြုံဖူးကြမှာပါ။

ဒီလိုမျိုး စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ အခြေအနေမျိုးကို ရှောင်လွှဲနိုင်အောင် Google ကနေ အနောက်ကနေ တစ်ယောက်ယောက်က ဖုန်းကို လာကြည့်ရင် ချက်ချင်းသိနိုင်တဲ့နည်းပညာကို စမ်းသပ်နေကြပါတယ်။

အဆိုပါ နည်းပညာက Artificial Intelligence လို့ခေါ်တဲ့ AI နည်းပညာနဲ့ လေ့လာနေတာဖြစ်ပြီး လောလောဆယ်မှာတော့ Face Detection စနစ်က အလွန်မြန်ဆန်တာကို တွေ့ရှိရပါတယ်။

Google ကတော့ အခုစမ်းသပ်နေတဲ့ Project ကို Electronic Screen Protector လို့ပေးထားပြီး ယခုစမ်းသပ်ပြီးသွားရင် နောက်တပတ်ထဲမှာ ဒီအစီအစဉ်ကို တရားဝင်ကြေငြာထားတယ်လို့ သိရပါတယ်။