Google ကနေ လွန်ခဲ့တဲ့နှစ်နှောင်းပိုင်းတုန်းက ဈေးနှုန်းသက်သာတဲ့ ဘတ်ဂျတ်စမတ်ဖုန်းတွေအတွက် Android Oreo (Go Edition) ကို ကြေငြာခဲ့ပြီးတော့ ဘတ်ဂျတ်ဖုန်းဖြစ်ပေမယ့်လည်း အဆင့်မြင့်စွမ်းဆောင်ရည်တွေကို အသုံးပြုနိုင်အောင် ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Google ကနေ အဆိုပါ ရည်ရွယ်ချက်အတွက် India က စမတ်ဖုန်းထုတ်လုပ်သူဖြစ်တဲ့ Micromax နဲ့ ပူးပေါင်းလိုက်ပြီးတော့ အလွန်ဈေးသက်သာတဲ့ Android Oreo Go ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်သွားမယ်လို့ ကြေငြာလိုက်ပါတယ်။

အခု Google နဲ့ Micromax တို့ ပူးပေါင်းထုတ်လုပ်မယ့် စမတ်ဖုန်းဟာ သာမန်ဘတ်ဂျတ်စမတ်ဖုန်းတွေထက်တောင်သက်သာနေပြီး ဈေးနှုန်းအနေနဲ့ ၃၂ ဒေါ်လာပဲသတှ်တ်ထားတယ်လို့ သိရပါတယ်။

အခုလိုမျိုး ဈေးနှုန်းကို အနိမ့်ဆုံးလျော့ချထားရတဲ့အတွက် အဆိုပါ စမတ်ဖုန်းမှာ RAM 1GB နဲ့ Storage 8GB ပဲပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Android Oreo Go ဟာ System အတွက် နေရာအများကြီးမလိုအပ်သလို RAM 512MB ဝန်းကျင်ပဲ ရှိတဲ့ စမတ်ဖုန်းတွေအတွက် အဓိကထုတ်လုပ်ထားခဲ့တာဖြစ်တဲ့အတွက် ပုံမှန်အသုံးပြုမှုတွေမှာ နှေးကွေးခြင်းရှိမှာမဟုတ်ပါဘူး။