Qualcomm နဲ့ Google တို့ဟာ “The home of Nokia Phones” အတွက် များပြားလှတဲ့ ငွေကြေးပမာဏကို ရင်းနှီးမြှုပ်နှံခဲ့ကြတယ်လို့ HMD Global က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Qualcomm နဲ့ Google တို့ရဲ့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ငွေပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၂၃၀ ဖြစ်ပါတယ်။

Nokia အတွက် ရင်းနှီးမြှုပ်နှံလိုက်တာဟာ Qualcomm နဲ့ Google တို့တင်မဟုတ်ဘဲ အခြား ကုမ္ပဏီတွေလည်း ရှိနေသေးတာဖြစ်ပေမယ့် HMD Global ကတော့ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုဟာ 5G မျိုးဆက် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြင့်မားစေမယ်လို့ ဆိုပါတယ်။

ရင်းနှီးမြှုပ်နှံမှုနောက်မှာ Nokia ရဲ့ 5G စမတ်ဖုန်းတွေကိုလည်း ကမ္ဘာအနှံ့ကဈေးကွက်တွေဆီ ပိုပြီးပျံ့နှံ့စေမယ့် အကျိုးကျေးဇူးကို ရရှိနိုင်မယ်လို့ ကုမ္ပဏီက မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းတွေဟာ “Series A2” ဖြစ်မယ်လို့လည်း သိရပါတယ်။ ဒါဟာ Nokia 8.3 ကို မိတ်ဆက်ပြီးနောက်ပိုင်း ကြီးမားတဲ့ နောက်ထပ်ခြေလှမ်းအရွေ့လို့လည်း ဆိုနိုင်ပါတယ်။

လက်ရှိအခြေအနေမှာတော့ Huawei ဟာ အမေရိကန်ရဲ့ ပိတ်ပင်မှုကြောင့် ဈေးကွက်ဝေစုချဲ့ထွင်မှု အနည်းငယ် နှောင့်နှေးသွားမယ့် အလားအလာတွေ မြင်တွေ့နေရပါတယ်။ Google ကလည်း စမတ်ဖုန်းထုတ်လုပ်သူအသစ်တွေကို ထိပ်တန်း စမတ်ဖုန်း OEMs တွေဆီရောက်ဖို့ တွန်းပို့နိုင်တဲ့ အခြေအနေတစ်ရပ်ကို ရှာဖွေနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရင်းနှီးမြှုပ်နှံမှုဟာ လက်ရှိစမတ်ဖုန်းဈေးကွက်ရဲ့ ထိပ်တန်းရပ်တည်မှုတွေကို အနည်းငယ်တော့ အပြောင်းအလဲဖြစ်လာစေနိုင်တယ်လို့ ယူဆရပါတယ်။

Ref: GSM Arena