Google က Gemini AI ကို ကြေညာလိုက်ပြီး စွမ်းရည်အမြင့်ဆုံး AI မော်ဒယ်လို့ ပြောပါတယ်။ Gemini က စာသား၊ ဓါတ်ပုံ၊ အသံ၊ ဗီဒီယိုနဲ့ Code စတဲ့ သတင်းအချက်အလက် မျိုးစုံကို နားလည်ပါတယ်။ ရှုပ်ထွေးတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေနိုင်ပါတယ်။ သင်္ချာနဲ့ ရူပဗေဒ ဘာသာရပ်တွေကို သင်ကြားပေးနိုင်ပါတယ်။

Gemini အတွက် Ultra, Pro နဲ့ Nano မော်ဒယ် ၃ မျိုးထုတ်လုပ်ထားပါတယ်။ Ultra က အလွန်ရှုပ်ထွေးတဲ့ အလုပ်တွေကို လုပ်ပေးနိုင်တဲ့ စွမ်းရည်အမြင့်ဆုံး မော်ဒယ် ဖြစ်ပါတယ်။ Pro ကတော့ အလုပ်များစွာကို လုပ်ဖို့ အကောင်းဆုံး မော်ဒယ် ဖြစ်ပြီး Nano က On-device အလုပ်တွေအတွက် အကောင်းဆုံးပါ။

Gemini Ultra က Python, Java, C++ နဲ့ Go တို့ရဲ့ အရည်အသွေးမြင့် Code တွေကို နားလည်၊ ရှင်းပြ၊ ရေးပေးနိုင်ပါတယ်။ Google Bard AI မှာ Gemini Pro Version ကို အသုံးပြုလိုက်ပြီ ဖြစ်ပြီး စွမ်းရည်ပိုမို မြင့်မားလာပါတယ်။

Pixel 8 Pro ဟာ Gemini Nano ရမယ့် ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။ Pixel 8 Pro ရဲ့ Summarize in Recorder နဲ့ Smart Reply စတဲ့ Gboard လုပ်ဆောင်ချက်တွေမှာ Gemini Nano ကို အသုံးပြုထားပြီး ဖြစ်ပါတယ်။

Google က Search မှာ Gemini ကို စတင် စမ်းသပ်နေပြီ ဖြစ်ပြီး Google Search မှာ ရှာဖွေမှုတွေဟာ ပိုမို မြန်ဆန်လာမှာပါ။ လာမယ့်လတွေအတွင်း Gemini ဟာ Ads, Chrome နဲ့ Duet AI တို့လို Google ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေမှာ ပိုမို ပါဝင်လာမှာပါ။

Ref : gsmarena