I/O Conference မှာ Google က Circle to Search ရဲ့ Feature အသစ်ကို ကြေညာလိုက်ပါတယ်။ အခုဆိုရင် ကျောင်းသားတွေရဲ့ အိမ်စာတွေကို ကူညီသင်ကြားပေးနိုင်လာပါပြီ။ ကျောင်းသားတွေကို ရူပဗေဒနဲ့ သင်္ချာ သင်ခန်းစာတွေကို အဆင့်လိုက် သင်ကြားပေးနိုင်ပါတယ်။

ဒီနှစ်နှောင်းပိုင်းမှာ Circle to Search ဟာ Formulas, Diagrams နဲ့ Graphs တွေလို ရှုပ်ထွေးတဲ့ ပုစ္ဆာတွေကို တွက်ချက်ပေးနိုင်မှာပါ။ ဒါဟာ Google ရဲ့ LearnLM အသစ်ကြောင့် ဖြစ်ပါတယ်။

All the New Gemini Features Announced at Google I/O | Lifehacker

Android မှ Gemini ဟာ မကြာခင်မှာ သင် သုံးနေတဲ့ App နဲ့ သင်လုပ်နေတဲ့အရာတွေကို သိနားလည်လာမှာ ဖြစ်ပြီး ပိုမို ကူညီလာနိုင်မှာပါ။ သင်ဟာ YouTube Video ၁ ခု ကြည့်နေရင် အဲဒီ Video အကြောင်း Gemini ကို မေးနိုင်ပါတယ်။ Generated Images တွေကို Gmail, Google Messages နဲ့ တခြားနေရာတွေမှာ Drag and Drop လုပ်ကာ ထည့်သွင်းနိုင်မှာပါ။

သင့်မှာ Gemini Advanced ရှိရင် သင်ကြည့်နေတဲ့ PDF အကြောင်းမေးနိုင်ပါတယ်။ PDF ရဲ့ Page အများကြီးကို Scroll လုပ်ကာ ကြည့်ဖို့ မလိုတော့ပါဘူး။ လာမယ့်လ အနည်းငယ်အတွင်းမှာ အဲဒီ Feature ကို Device သန်းပေါင်းများစွာမှာ ထည့်သွင်းပေးမှာပါ။

Ref : gsmarena