Google က နားထဲ တပ်ဆင်ရတဲ့ စွမ်းရည်မြင့် ကြိုးမဲ့နားကြပ် ဖြစ်တဲ့ Pixel Buds Pro ကို ကြေညာလိုက်ပါတယ်။ ဒေါ်လာ ၂၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၃၇၀,၀၀၀ ဝန်းကျင်ကျသင့်မှာပါ။

Google announces Pixel Buds Pro for $200

Pixel Buds Pro ဟာ Active Noise Cancellation ပါတဲ့ ပထမဆုံး Pixel Buds တွေ ဖြစ်ပါတယ်။ နားကြပ်မှာ Custom 6-core Audio Processor မောင်းနှင်ထားပြီး Noise ကို ဖယ်ရှားပေးတဲ့ Custom Algorithm ထည့်သွင်းထားပါတယ်။ နား ပုံသဏ္ဌာန် အပေါ်မူတည်ကာ Noise ကို အကောင်းဆုံး ဖယ်ရှားပေးတဲ့ Silent Seal လုပ်ဆောင်ချက် ပါပါတယ်။

နားကြပ်မှာ Custom-designed 11mm Driver ထည့်သွင်းထားပြီး Volume EQ က Volume Level အပေါ် မူတည်ကာ Audio Tuning ကို ချိန်ညှိပေးပါတယ်။ A 5-band EQ က သင့် အကြိုက် အသံကို နှစ်သက်သလို Customize လုပ်နိုင်ပါတယ်။

Pixel Buds Pro မှာ Transparency Mode ပါလာပြီး နားကြပ်ကို ချွတ်စရာ မလိုဘဲ ပြင်ပက အသံတွေကို ကြားရပါတယ်။ Pressure Sensor တွေ ထည့်သွင်းထားပြီး နားထဲမှာ သက်တောင့်သက်သာ ရှိစေပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ Spatial Audio Support ကို Update ကနေ ထည့်သွင်းပေးမှာ ဖြစ်ပြီး အချိန်နဲ့တပြေးညီ ဘာသာပြန်ပေးတဲ့ Hands-free Google Assistant ကို အသုံးပြုနိုင်ပါတယ်။

Pixel Buds Pro ရဲ့ ဘက်ထရီ သက်တမ်းဟာ ANC ဖွင့်ထားရင် ၇ နာရီနဲ့ ANC ပိတ်ထားရင် ၁၁ နာရီ အသုံးခံပါတယ်။ Case တပ်ထားပြီး ANC ဖွင့်ထားရင် နာရီ ၂၀ နဲ့ ANC ပိတ်ထားရင် ၃၁ နာရီ အသုံးခံပါတယ်။ Case ဟာ ကြိုးမဲ့အားသွင်း စနစ်ကို ထောက်ပံ့ထားပါတယ်။

Pixel Buds Pro ကို Coral, Lemongrass, Fog နဲ့ Charcoal ၄ ရောင်ထုတ်လုပ်ထားပြီး အွန်လိုင်းကနေ ဇူလိုင်လ ၂၁ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena