Unicode

ပြီးခဲ့တဲ့နှစ်တုန်းက Google ကနေ Voice Assistant Feature ကို အသုံးပြုနေတဲ့ Device အရေအတွက် စုစုပေါင်း ၁ ဘီလီယံခန့်ရှီပြီလို့ ကြေညာခဲ့ပါတယ်။ အဆိုပါ အချိန်တုန်းက Google က တကယ်အသုံးပြုနေတဲ့သူတွေရဲ့ အရေအတွက်ကို ကြေညာခဲ့ခြင်းမရှိပေမယ့် အခုအချိန်မှာတော့ ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

Google ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်မှာ Google Assistant ကို လစဥ်အသုံးပြုနေသူ စုစုပေါင်း သန်း ၅၀၀ ခန့်ရှိနေပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၀၁၈ တုန်းကတောင် Google Assistant ကို အသုံးပြုနေတဲ့ Device ပေါင်း သန်း ၅၀၀ ပဲ ရှိတဲ့အတွက် ဒီအရေအတွက်က တော်တော်လေးကို များပြားနေတာလည်းဖြစ်ပါတယ်။

Google ဟာ အခုနောက်ပိုင်းမှာ Google Assistant ကို စမတ်ဖုန်းတွေအပြင် တခြားသော Smart Speaker တွေ၊ TV တွေအပြင် Device အများအပြားမှာ ရရှိအောင် ဆောင်ရွက်ပေးနေတာဖြစ်သလို Feature ပိုင်းအရလည်း သိသိသာသာကို ပိုပြီးကောင်းမွန်လာတာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Pixel 4 လိုစမတ်ဖုန်းတွေမှာဆိုရင်လည်း Google Assistant ဟာ ပိုမိုမြန်ဆန်လာတဲ့အပြင် Chrome လိုမျိုး Third Party App တွေကိုပါ Control ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ လက်ရှိ ကျင်းပနေတဲ့ CES 2020 Event မှာလည်း Google ကနေ အသုံးဝင်တဲ့ Feature တွေဖြစ်တဲ့ Speed Dial Contacts ၊ Sticky Notes နဲ့ Helpful Privacy Feature တွေကိုပါ ထပ်မံရရှိလာတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိ AI Assistant တွေထဲမှာ Google Assistant က လူသုံးအများဆုံးနဲ့ အကောင်းဆုံးဖြစ်နေတာကိုတော့ ငြင်းလို့မရပါဘူး။

Ref – Android Authority

Zawgyi

ၿပီးခဲ့တဲ့ႏွစ္တုန္းက Google ကေန Voice Assistant Feature ကို အသုံးျပဳေနတဲ့ Device အေရအတြက္ စုစုေပါင္း ၁ ဘီလီယံခန္႔ရွီၿပီလို႔ ေၾကညာခဲ့ပါတယ္။ အဆိုပါ အခ်ိန္တုန္းက Google က တကယ္အသုံးျပဳေနတဲ့သူေတြရဲ႕ အေရအတြက္ကို ေၾကညာခဲ့ျခင္းမရွိေပမယ့္ အခုအခ်ိန္မွာေတာ့ ထုတ္ျပန္လိုက္ၿပီျဖစ္ပါတယ္။

Google ရဲ႕ ထုတ္ျပန္ခ်က္အရ လက္ရွိအခ်ိန္မွာ Google Assistant ကို လစဥ္အသုံးျပဳေနသူ စုစုေပါင္း သန္း ၅၀၀ ခန္႔ရွိေနၿပီလို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ ေမလ ၂၀၁၈ တုန္းကေတာင္ Google Assistant ကို အသုံးျပဳေနတဲ့ Device ေပါင္း သန္း ၅၀၀ ပဲ ရွိတဲ့အတြက္ ဒီအေရအတြက္က ေတာ္ေတာ္ေလးကို မ်ားျပားေနတာလည္းျဖစ္ပါတယ္။

Google ဟာ အခုေနာက္ပိုင္းမွာ Google Assistant ကို စမတ္ဖုန္းေတြအျပင္ တျခားေသာ Smart Speaker ေတြ၊ TV ေတြအျပင္ Device အမ်ားအျပားမွာ ရရွိေအာင္ ေဆာင္႐ြက္ေပးေနတာျဖစ္သလို Feature ပိုင္းအရလည္း သိသိသာသာကို ပိုၿပီးေကာင္းမြန္လာတာျဖစ္ပါတယ္။

ဒါတင္မဟုတ္ေသးဘဲ Pixel 4 လိုစမတ္ဖုန္းေတြမွာဆိုရင္လည္း Google Assistant ဟာ ပိုမိုျမန္ဆန္လာတဲ့အျပင္ Chrome လိုမ်ိဳး Third Party App ေတြကိုပါ Control ျပဳလုပ္ႏိုင္ၿပီျဖစ္ပါတယ္။ လက္ရွိ က်င္းပေနတဲ့ CES 2020 Event မွာလည္း Google ကေန အသုံးဝင္တဲ့ Feature ေတြျဖစ္တဲ့ Speed Dial Contacts ၊ Sticky Notes နဲ႔ Helpful Privacy Feature ေတြကိုပါ ထပ္မံရရွိလာတာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ လက္ရွိ AI Assistant ေတြထဲမွာ Google Assistant က လူသုံးအမ်ားဆုံးနဲ႔ အေကာင္းဆုံးျဖစ္ေနတာကိုေတာ့ ျငင္းလို႔မရပါဘူး။

Ref – Android Authority