Zoom ဟာ ယခုနှစ်မှာ လူသုံးအများဆုံးဖြစ်နေတဲ့ Video Conferencing App တစ်ခုဆိုရင်လည်းမမှားပါဘူး။ ဒါပေမယ့်လည်း အခုနောက်ပိုင်းမှာတော့ Google ၊ Facebook နဲ့ Microsoft တို့ကနေ Zoom ကို ယှဥ်ပြိုင်ဖို့အတွက် ဆက်တိုက်ကို Video Conferencing App တွေကို ဦးစားပေးလာခဲ့တာဖြစ်ပါတယ်။

အခုလည်း Google ကနေ ကိုယ်ပိုင် Video Conferencing Service တစ်ခုဖြစ်တဲ့ Google Meet ကို Gmail App မှာ Integrate လုပ်လာတဲ့အပြင် မကြာခင်မှာလည်း Google Duo ကိုပါ Google Meet အနေနဲ့ ပြောင်းလဲသွားဖို့ စီစဥ်နေပြီဖြစ်ပါတယ်။ ဒီလိုမျိုး ပြုလုပ်နေပေမယ့်လည်း Google ကနေ Zoom ကို Feature Update တစ်ခုပြုလုပ်ပေးခဲ့လိုက်ပါတယ်။

ဒါကတော့ Google Assistant အသုံးပြုနိုင်တဲ့ Smart Display တွေမှာပါ Zoom ကို အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ အဆိုပါ Smart Display တွေဟာ Google ကိုယ်တိုင်ကလည်း Nest Hub Max ဆိုပြီး ထုတ်လုပ်ထားသလို တခြားသော ကုမ္ပဏီတွေကလည်း ထုတ်လုပ်ထားတာဖြစ်ပါတယ်။

အဆိုပါ Zoom Feature ကိုတော့ လာမယ့် ၂၀၂၀ နှစ်ကုန်ပိုင်းမှာ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး Paid Member တွေတင်မဟုတ်ဘဲ Free Member တွေပါ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Google Assistant ကိုလည်း Meeting တွေကို Join ပြုလုပ်ဖို့နဲ့ Calendar Schedule ပြုလုပ်မှုတွေကို ဆောင်ရွက်နိုင်ဦးမှာဖြစ်ပါတယ်။

Zoom ကနေ ပြောကြားချက်အရတော့ Google Assistant Smart Display တွေတင်မဟုတ်ဘဲ Facebook Portal Mini ၊ Portal နဲ့ Portal Device တွေမှာပါ လာမယ့် စက်တင်ဘာလအတွင်းမှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Ref – 9to5Google