Galaxy Watch 4 ကို Wear OS 3 နဲ့အတူ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက ကြေညာခဲ့တာပါ။ ဒီနှစ် မေလဆန်းတုန်းကတော့ Galaxy Watch 4 အတွက် Google Assistant ကို ယူဆောင်လာပေးမယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ အခုတော့ Galaxy Watch 4 အတွက် Google Assistant တွေကို အမှန်တကယ် ထုတ်ပေးနေတာလည်း ဖြစ်ပါတယ်။

Samsung အမှုဆောင်အရာရှိတစ်ဦးရဲ့ ကနဦးပြောဆိုချက်အရ Update ဟာ လာမဲ့နွေရာသီမှပဲ ရရှိမယ်လို့ သိခဲ့ကြပေမဲ့ အခုတော့ စောပြီးရလာတာကို တွေ့ရပါတယ်။ လက်ရှိအချိန်မှာ Galaxy Watch 4 အတွက် Google Assistant ကို ဈေးကွက်တိုင်းဆီ မပို့ဆောင်သေးပါဘူး။ သတ်မှတ်ထားတဲ့ ဈေးကွက်၁၀ ခုဆီပဲ ပို့ဆောင်ပေးသေးတာ ဖြစ်ပါတယ်။

Google Assistant ရယူနိုင်တဲ့ဈေးကွက်က Watch 4 အသုံးပြုသူတွေအနေနဲ့ Play Store apps ကတစ်ဆင့် Download ပြုလုပ်ပြီး ရယူနိုင်မှာ ဖြစ်ပါတယ်။ Google Assistant ဟာ သြစတေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်၊ ဂျပန်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ယူကေနဲ့ အမေရိကန် ဈေးကွက်တွေမှာ ရရှိနေတာလည်း ဖြစ်ပါတယ်။

Galaxy Watch 4 နဲ့အတူ Google Assistant ဟာ ပိုပြီးမြန်ဆန်၊ သဘာဝကျတဲ့ အသံကို ပံ့ပိုးပေးလာမယ်လို့ သိရပါတယ်။ ဒါ့အပြင် မေးခွန်းတွေကိုဖြေဆိုရာမှာလည်း ပိုပြီးမြန်ဆန်လာမယ်လို့ ဆိုပါတယ်။ Third-party တွေနဲ့လည်း ပိုပြီးကောင်းမွန်တဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေရရှိလာမယ်လို့လည်း သိရပါတယ်။

Ref: GSM Arena