Android မှာ မကောင်းတဲ့အချက်တစ်ခုက အချို့သော Application တွေဟာ အလကား Download ပြုလုပ်လို့ရပေမယ့် ကြော်ငြာတွေ ခဏခဏ စိတ်ရှုပ်စရာကောင်းလောက်အောင်တက်နေတာပဲဖြစ်ပါတယ်။ အချို့သော App တွေဆိုရင် Application ထဲမှာတင်မကပဲ Lock Screen မှာပါ ကြော်ငြာထိုးနေတာဖြစ်ပါတယ်။

အဲ့ဒီအတွက် Google ကနေ အခုအချိန်မှာ ဖုန်းရဲ့ Lock Screen မှာ ကြော်ငြာထိုးတဲ့ Application မှန်သမျှကို Google Play Store ကနေ Ban တော့မှာဖြစ်ပါတယ် အဲ့ဒီအတွက် ဥပမာ Battery Saver လို Application တွေအနေနဲ့ Battery ပမာဏကိုပဲ ပြသခွင့်ရှိမှာဖြစ်ပြီးတော့ ကြော်ငြာတွေကို Lock Screen မှာ ပြသလို့ရတော့မှာမဟုတ်ပါဘူး။

Google ကနေ Notification Bar မှာ ကြော်ငြာထည့်သွင်းတာကိုလည်း လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဖယ်ရှားခဲ့ပြီး အခုတစ်ကြိမ်မှာ Lock Screen ကြော်ငြာတွေကို ဖယ်ရှားဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Lock Screen မှာ ကြော်ငြာတွေမမြင်ရတော့တာက ကောင်းတဲ့အချက်တစ်ခုလို့ ပြောလို့ရမှာပါ။