UK က နာမည်မရှိသေးတဲ့ Startup Company တစ်ခုဖြစ်တဲ့ Redux ဟာ စမတ်ဖုန်း ဒါမှမဟုတ် Tablet တွေရဲ့ Display တွေကနေ Vibrations နည်းပညာတွေကို အသုံးပြုပြီးတော့ Display ကို Speaker အဖြစ်ပြောင်းလဲနိုင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာတော့ Google ကနေ အဆိုပါ Redux ကုမ္ပဏီကို ဝယ်ယူလိုက်ပြီလို့သိရပါတယ်။
Redux tech turns the screen into a speaker, and a haptic surface. Trying it out here. The sound is actually coming from the screen. pic.twitter.com/VPAi6TzKk9
— Stan Schroeder (@franticnews) February 28, 2017
အခုလိုမျိုးဝယ်ယူလိုက်တာက အခြားသော အသေးစိတ်အချက်အလက်တွေဖြစ်တဲ့ ဘယ်လောက်နဲ့ ဝယ်ယူသွားတယ်၊ ဘယ်လိုမျိုးနည်းပညာတွေပါဝင်တယ်ဆိုတာကိုတော့ နှစ်ဖက်ကုမ္ပဏီတွေက တရားဝင်ထုတ်ပြန်ခဲ့ခြင်းတော့မရှိပါဘူး။
ဖြစ်နိုင်တာတစ်ခုကတော့ Redux ကုမ္ပဏီက ပြီးခဲ့တဲ့ နှစ် Mobile World Congress (MWC) Event မှာ Screen ကို Speaker အဖြစ်ပြောင်းလဲနိုင်တဲ့ နည်းပညာကို ပြသခဲ့တဲ့အတွက် အဲ့ဒီနောက်ပိုင်းမှာ Google ရဲ့ အာရုံစိုက်မှုကို ရရှိလာပြီး အခုလိုမျိုး ဝယ်ယူခြင်းကို ခံခဲ့ရတာဖြစ်ဖို့များပါတယ်။
Google လိုမျိုး နည်းပညာကုမ္ပဏီကြီးတစ်ခုက အခုလိုမျိုးနည်းပညာကို ပိုင်ဆိုင်သွားပြီဖြစ်တဲ့အတွက် ယခုနှစ်မှာထွက်ရှိလာမယ့် Pixel စမတ်ဖုန်းတွေမှာမြင်လာရမလားကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။