Google ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၀၁၈ ခုနှစ်ကတည်းက Android နဲ့ iOS Device တွေအတွက် Tasks နာမည်နဲ့ App တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Tasks Application ဟာ Microsoft ရဲ့ To-Do List အပါအဝင် တခြားသော Task Manager Application တွေနဲ့ အဓိကယှဥ်ပြိုင်ဖို့ရည်ရွယ်ခဲ့တဲ့ App တစ်ခုလည်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ Google ကနေ အဆိုပါ Tasks Feature တွေကို Android နဲ့ iOS အတွက် Google Calendar မှာပါ အသုံးပြုနိုင်အောင် ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Google Calendar မှာ Event တစ်ခုပြုလုပ်သလိုမျိုးပဲ ကိုယ်နှစ်သက်ရာအချိန်မှာ လုပ်စရာရှိတဲ့ Task တစ်ခုကို ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

Google Calendar for Android and iOS gets Tasks integration

အခုလိုမျိုး Google Calendar မှာ Task Feature ကို အသုံးပြုချင်တယ်ဆိုရင်တော့ ပုံမှန် Screen ရဲ့ ညာဘက်အောက်မှာရှိတဲ့ Create Button ကနေတစ်ဆင့်အသုံးပြုရမှာဖြစ်ပါတယ်။ ပြုလုပ်လိုက်တဲ့ Task တွေဟာ ကိုယ့်ရဲ့ Google Account ဝင်ထားတဲ့ Mobile Device တွေအပြင် Desktop မှာပါ အလိုအလျောက် Sync ပြုလုပ်သွားမှာဖြစ်တဲ့အတွက် တော်တော်လေးကို အသုံးဝင်မှာပါ။

Google ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Tasks Integration ကို အခုကနေစတင်ပြီး ထုတ်ပေးနေပြီဖြစ်ပေမယ့် Device တွေအကုန်လုံးကို ရောက်ရှိဖို့အတွက် အချိန် ၂ ပတ်ဝန်းကျင် ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။ G Suite အသုံးပြုသူတွေတင်မဟုတ်ဘဲ ပုံမှန် Google Account အသုံးပြုသူတွေမှာပါ ရရှိမှာဖြစ်တဲ့အတွက် တစ်ခုခုပြုလုပ်ဖို့ အမြဲမေ့တတ်တဲ့သူတွေအတွက် အသုံးဝင်တဲ့ Feature တစ်ခုဖြစ်လာမှာပါ။

Ref – GSM Arena