Google ဟာ ပြီးခဲ့တဲ့မတ်လတုန်းက Android Go စမတ်ဖုန်းတွေအတွက် Camera Go App ကို မိတ်ဆက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Google Camera Go App မှာ Google ရဲ့ နာမည်ကြီး HDR Feature ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

Android Go Edition OS ဟာ လုံးဝ Entry-level Budget ဖုန်းအတွက်ထုတ်ထားတာဖြစ်ပြီး RAM 2GB အောက်ဖုန်းတွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Nokia အပါအဝင် တချို့သော စမတ်ဖုန်းထုတ်လုပ်သူတွေက Android Go OS နဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်နေတုန်းပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Google အနေနဲ့ Camera Go App အတွက် Night Mode Feature ကိုလည်း ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက မိတ်ဆက်ပေးခဲ့သလို အခုလိုမျိုး HDR Feature Update ပါ ထုတ်ပေးလိုက်တာက Budget ဖုန်းတွေရဲ့ Camera စွမ်းဆောင်ရည်ကို သိသိသာသာကို တိုးတက်လာစေမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Google Pixel ဖုန်းတွေမှာ အသုံးပြုနေတဲ့ HDR+ နည်းပညာကလည်း အကောင်းဆုံး Camera နည်းပညာတစ်ခုလို့ သတ်မှတ်ထားခံနေရတာလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Android Go OS ကို အသုံးပြုထားတဲ့စမတ်ဖုန်းတွေအနေနဲ့ အခုအချိန်ကနေ စတင်ပြီး Update ကို ရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ တခြားသော Android 8.0 Oreo နဲ့အထက် စမတ်ဖုန်းတွေအနေနဲ့လည်း Camera Go App ကို အသုံးပြုနိုင်ပေမယ့် Night Mode နဲ့ HDR Feature ကတော့ အလုပ်လုပ်မှာမဟုတ်ပါဘူး။

Ref – Gizmo China