[Zawgyi]

Google Event က်င္းပမယ့္ရက္က သိပ္မလိုေတာ့ပါဘူး။ ဒါေၾကာင့္ Pixel 4 ေတြကိုတရားဝင္ျမင္ေတြ႕ရေတာ့မယ့္ရက္လည္း နီးကပ္လာပါၿပီ။ ျဖန႔္ခ်ိမယ့္ရက္ကို ဦးတည္ေနေပမယ့္ ဒီဟန္းဆက္ေတြရဲ႕ အစိတ္အပိုင္းေတြအျပင္ လုပ္ေဆာင္ခ်က္ေတြအေၾကာင္း သတင္းေပါက္ၾကားမႈေတြကလည္း ဆက္လက္ျဖစ္ေပၚေနဆဲ ျဖစ္ပါတယ္။

Pixel 4 ေတြမွာ အရင္မ်ိဳးဆက္ေတြထက္ ပိုၿပီးေကာင္းမြန္တဲ့ ကင္မရာေတြ ပါဝင္လာမယ္ဆိုတာေတာ့ အားလုံးလည္း သိၿပီးျဖစ္မွာပါ။ Live Caption လုပ္ေဆာင္ႏိုင္မႈေတြ၊ Recording to Text လုပ္ေဆာင္ခ်က္ေတြ၊ Dual Exposure လုပ္ေဆာင္ခ်က္ စတာေတြအျပင္ ထပ္ၿပီးသိလာရတာကေတာ့ Google Camera ဟာ ဓါတ္ပုံ႐ိုက္ေလ့ရွိသူရဲ႕ မ်က္ႏွာကို ဦးစားေပးဆုံခ်က္ျဖတ္မယ္ဆိုတာပါပဲ။

Google Camera 7.1 ဟာ “Frequent Faces” လုပ္ေဆာင္ခ်က္ ပါဝင္လာမွာျဖစ္ၿပီး ဒါကလည္း Pixel 4 အတြက္ ျဖစ္ႏိုင္တယ္လို႔ ယူဆထားၾကတာပါ။ ကင္မရာဟာ ဓါတ္ပုံ႐ိုက္ကူးေလ့ရွိသူရဲ႕ မ်က္ႏွာကို မွတ္သားထားမွာျဖစ္ၿပီး လူအမ်ားစုနဲ႔႐ိုက္ရင္ေတာင္ ႐ိုက္ေလ့႐ိုက္ထရွိသူရဲ႕ မ်က္ႏွာကိုပဲ ေ႐ြးခ်ယ္ၿပီး အလိုအေလ်ာက္ ဆုံခ်က္ျဖတ္ေပးမွာျဖစ္ပါတယ္။

Frequent Faces ကမွတ္သားထားတဲ့အခ်က္အလက္ဟာ ဟန္းဆက္ထဲမွာပဲ ရွိေနမွာမယ့္အျပင္ အဆိုပါ ကင္မရာ App နဲ႔ပဲ အလုပ္လုပ္မွာျဖစ္တဲ့အတြက္ လုံၿခဳံမႈရွိတယ္လို႔လည္း ဆိုႏိုင္ပါတယ္။ အကယ္၍ Frequent Faces ကိုပိတ္လိုက္မယ္ဆိုရင္ မွတ္သားထားတဲ့ အခ်က္အလက္ေတြကို ဖ်က္ဆီးၿပီးသားျဖစ္သြားမယ္လို႔လည္း သိရပါတယ္။ Frequent Face ဟာ Lock Screen ကေန ကင္မရာကို ဖြင့္လိုက္တာနဲ႔ စၿပီးအသက္ဝင္ေနမွာလည္း ျဖစ္ပါတယ္။

Ref: Android Central

[Unicode]

Google Camera တွေမှာ ဓါတ်ပုံရိုက်လေ့ရှိသူရဲ့ မျက်နှာကို အဓိကထားပြီး ဆုံချက်ဖြတ်ပေးမယ့်လုပ်ဆောင်ချက် ပါဝင်လာဖွယ်ရှိ

Google Event ကျင်းပမယ့်ရက်က သိပ်မလိုတော့ပါဘူး။ ဒါကြောင့် Pixel 4 တွေကိုတရားဝင်မြင်တွေ့ရတော့မယ့်ရက်လည်း နီးကပ်လာပါပြီ။ ဖြန့်ချိမယ့်ရက်ကို ဦးတည်နေပေမယ့် ဒီဟန်းဆက်တွေရဲ့ အစိတ်အပိုင်းတွေအပြင် လုပ်ဆောင်ချက်တွေအကြောင်း သတင်းပေါက်ကြားမှုတွေကလည်း ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။

Pixel 4 တွေမှာ အရင်မျိုးဆက်တွေထက် ပိုပြီးကောင်းမွန်တဲ့ ကင်မရာတွေ ပါဝင်လာမယ်ဆိုတာတော့ အားလုံးလည်း သိပြီးဖြစ်မှာပါ။ Live Caption လုပ်ဆောင်နိုင်မှုတွေ၊ Recording to Text လုပ်ဆောင်ချက်တွေ၊ Dual Exposure လုပ်ဆောင်ချက် စတာတွေအပြင် ထပ်ပြီးသိလာရတာကတော့ Google Camera ဟာ ဓါတ်ပုံရိုက်လေ့ရှိသူရဲ့ မျက်နှာကို ဦးစားပေးဆုံချက်ဖြတ်မယ်ဆိုတာပါပဲ။

Google Camera 7.1 ဟာ “Frequent Faces” လုပ်ဆောင်ချက် ပါဝင်လာမှာဖြစ်ပြီး ဒါကလည်း Pixel 4 အတွက် ဖြစ်နိုင်တယ်လို့ ယူဆထားကြတာပါ။ ကင်မရာဟာ ဓါတ်ပုံရိုက်ကူးလေ့ရှိသူရဲ့ မျက်နှာကို မှတ်သားထားမှာဖြစ်ပြီး လူအများစုနဲ့ရိုက်ရင်တောင် ရိုက်လေ့ရိုက်ထရှိသူရဲ့ မျက်နှာကိုပဲ ရွေးချယ်ပြီး အလိုအလျောက် ဆုံချက်ဖြတ်ပေးမှာဖြစ်ပါတယ်။

Frequent Faces ကမှတ်သားထားတဲ့အချက်အလက်ဟာ ဟန်းဆက်ထဲမှာပဲ ရှိနေမှာမယ့်အပြင် အဆိုပါ ကင်မရာ App နဲ့ပဲ အလုပ်လုပ်မှာဖြစ်တဲ့အတွက် လုံခြုံမှုရှိတယ်လို့လည်း ဆိုနိုင်ပါတယ်။ အကယ်၍ Frequent Faces ကိုပိတ်လိုက်မယ်ဆိုရင် မှတ်သားထားတဲ့ အချက်အလက်တွေကို ဖျက်ဆီးပြီးသားဖြစ်သွားမယ်လို့လည်း သိရပါတယ်။ Frequent Face ဟာ Lock Screen ကနေ ကင်မရာကို ဖွင့်လိုက်တာနဲ့ စပြီးအသက်ဝင်နေမှာလည်း ဖြစ်ပါတယ်။

Ref: Android Central