Google ကနေ အသစ်ထွက်ရှိလာမယ့် Chrome Browser Version 64 Update ဟာ Mobile Phone နဲ့ အင်တာနက်အသုံးပြုသူတွေအတွက် သဘောတွေ့စေမယ့် Features အသစ်တစ်ခုပါဝင်လာတော့မှာဖြစ်ပါတယ်။

အဲ့ဒါကတော့ Google Chrome 64 မှာ Download ပြုလုပ်တဲ့အချိန်မှာ Parallel Download Feature ကို စတင် Support ပြုလုပ်သွားမှာဖြစ်ပြီးတော့ Files ၂ ခုကို တစ်ပြိုင်ထဲ Download ရယူနိုင်မှာဖြစ်ပြီး File Size ကြီးမားတဲ့ File တစ်ခုထဲကို Download ပြုလုပ်တယ်ဆိုရင်လည်း Download Speed က ယခုထက် ၂ ဆလောက်ပိုပြီး မြန်ဆန်လာတော့မှာဖြစ်ပါတယ်။

အခုအချိန်မှာ Google Chrome Mobile Browser Version က 63 မှာပဲရှိနေသေးပြီး Version 64 ကြမှ အဆိုပါ Feature ပါဝင်လာမှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Chrome ရဲ့ Beta Version တွေဖြစ်တဲ့ Chrome Dev, Chrome Canary နဲ့ Nightly Build တွေမှာတော့ အဆိုပါ Parallel Download Feature ကို စတင်ရရှိနေပြီလို့ သိရပါတယ်။

တကယ်လို့ Chrome Beta ကို အသုံးပြုနေတယ်ဆိုရင် ယခု Line ကို Address Bar မှာ Copy, Paste လုပ်ပြီး Parallel Download Feature ကို ရရှိနေပြီလားဆိုတာ စစ်ဆေးနိုင်မှာပါ။

“chrome://flags#chrome-parallel-download”