Google Chrome Browser ဟာ လက်ရှိအချိန်မှာ လူသုံးအများဆုံးသော Web Browser တစ်ခုဖြစ်ပြီးတော့ Android မှာပဲဖြစ်ဖြစ်၊ Desktop ကွန်ပျူတာမှာပဲဖြစ်ဖြစ် လူတိုင်းနီးပါး အသုံးပြုနေကြတာပဲဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်အထိ Antivirus ဒါမှမဟုတ် Network Security Software တစ်ခုခုမထည့်ထားဘူးဆိုရင် ကိုယ်ဝင်ရောက်ကြည့်ရှုနေတဲ့ Website က လုံခြုံလား၊ မလုံခြုံနိုင်ဘူးလားဆိုတာကို သိနိုင်ခြင်းမရှိခဲ့ပါဘူး။ အဲ့ဒီအတွက် Google ကနေ သူရဲ့ Chrome Browser မှာ ရရှိလာတော့မယ့် အစီအစဉ်တစ်ခုကို ချပြခဲ့ပါတယ်။

အဲ့ဒီအစီအစဉ်ကတော့ လာမယ့် ၂၀၁၈ ခုနှစ် ဂျူလိုင်လမှာ Update ထုတ်ပေးမယ့် Google Chrome Version 68 မှာ ဘယ် Website က လုံခြုံသလဲ၊ ဘယ် Website က မလုံခြုံဘူးလဲဆိုတာကို သိနိုင်တော့မယ်လို့ သိရပါတယ်။

အခုလိုမျိုး Website တွေကို ဘယ်လိုမျိုး ခွဲခြားသွားမလဲဆိုရင် ပုံမှန် လုံခြုံရေးခံထားခြင်းမရှိတဲ့ HTTP Websites တွေအကုန်လုံးကို မလုံခြုံဘူးလို့ သတ်မှတ်လိုက်မှာဖြစ်ပြီး Website တွေအနေနဲ့ ပိုပြီးလုံခြုံရေးကောင်းမွန်တဲ့ HTTPS စနစ်ကို အသုံးပြုထားမှသာ Google Chrome Browser ကနေ ဝင်ရောက်ကြည့်ရှုခွင့်ရရှိမှာဖြစ်ပါတယ်။

Google ကသာ HTTP Website တွေကို မလုံခြုံတဲ့ Website တွေအဖြစ် သတ်မှတ်သွားမယ်လို့ ပြောကြားခဲ့ပေမယ့် လက်ရှိအချိန်မှာ Websites တွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်က HTTPS စနစ်ကို အသုံးပြုနေကြတဲ့အတွက် အခုလိုပြောင်းလဲမှုက လိုရော လိုအပ်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ။