Google Chrome Browser လို့ဆိုလိုက်ရင် မသိတဲ့သူမရှိလောက်တဲ့အထိ ရှားမှာပါ။ ဘာဖြစ်လို့လဲဆိုရင် လက်ရှိ Android Devices တွေအကုန်လုံးမှာ Google Chrome Browser ကိုပဲ အသုံးပြုနေကြတာဖြစ်သလို Desktop Computer တွေမှာလည်း Google Chrome Browser က မပါမဖြစ်နီးနီး ဖြစ်နေပြီဖြစ်လို့ပါ။

အခုလိုမျိုး Google Chrome Browser က လူသုံးအများဆုံးဖြစ်နေတာကလည်း လက်ရှိအချိန်မှာ အမြန်ဆုံးသော Browser တစ်ခုဖြစ်တဲ့အပြင် သုံးရလွယ်ကူတာကြောင့်လည်းပါမှာပါ။ ဒါပေမယ့် ဘယ် Browser နဲ့ပဲ သုံးသုံး ကျော်လွှားလို့မရနိုင်သေးတဲ့ ပြဿနာတစ်ခုရှိသေးတာကိုတော့ လက်ခံရမှာပါ။

အဲ့ဒါကတော့ အချို့သော Website တွေကို ဝင်ကြည့်တဲ့အခါမှာ တက်လာတတ်တဲ့ ကြော်ငြာတွေပဲဖြစ်ပါတယ်။ တစ်ခါတလေဆိုရင် အဲ့ဒီကြော်ငြာတွေက အသံတွေ၊ အခြားသော ညစ်ညမ်းပုံတွေပါ ပါလာတတ်တဲ့အတွက် ကြော်ငြာတက်လာတဲ့အခါမှာ အမြဲတမ်းစိတ်အနှောင့်အယှက်ဖြစ်နေရမှာပါ။

အဲ့ဒီအတွက် Google Chrome Browser ကို အသုံးပြုသူတွေအနေနဲ့ လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေစတင်ပြီး အဆိုပါ စိတ်အနှောင့်အယှက်ဖြစ်စရာ ကြော်ငြာတွေကို အလိုအလျောက်ဖယ်ရှားပေးတဲ့ Feature ကို ထည့်သွင်းတော့မှာဖြစ်လို့ပါ။

အခုလိုမျိုး လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်ပြီး Google Chrome Browser က ကြော်ငြာတွေကို Block လုပ်ပေးတော့မှာဖြစ်သလိုပဲ အခြားသောနာမည်ကြီး Browser တွေမှာလည်း အလားတူ Feature ပါဝင်လာရင်တော့ အဆင်ပိုပြီး ပြေနိုင်မယ်လို့ ယူဆရပါတယ်။ အခုလောလောဆယ်မှာတော့ ကိုယ်ဝင်ကြည့်နေတဲ့ Website ကနေ ကြော်ငြာတွေတက်လာတာကို မလိုလားရင် Google Chrome Browser ကိုပဲ သုံးရဦးမှာပါ။