Google ဟာ Chrome ရဲ့ Password manager ကို အာရုံစိုက်လာတာကို တွေ့ရပါတယ်။ အသုံးပြုသူအများစုဟာ LastPass ဒါမှမဟုတ် Bitwarden တို့လို အထူးသီးသန့် Password manager တွေကို ပိုပြီးအသုံးပြုလိုကြတယ်ဆိုပေမဲ့ Chrome ရဲ့ Built-in Password manager ကလည်း တဖြည်းဖြည်းတိုးတက်လာတာကို တွေ့နေရပါတယ်။

Chrome ဟာ မကြာသေးခင်ကပဲ ပိုပြီးချောမွေ့တဲ့ UI ကို ရရှိထားပြီး အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ Home Screen မှာ Shortcut ကို ထည့်သွင်းခွင့်လည်း ရလာပြီ ဖြစ်ပါတယ်။ အကယ်၍ Developments တွေသာ အောင်မြင်ပြီးဆုံးသွားမယ်ဆိုရင် PC ပေါ်က Chrome ရဲ့ Password manager ဟာ Biometric authentication ကို ရရှိမဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။

Chrome Story ဟာ Chromium Gerrit မှာ Experimental flag တစ်ခုတွေ့ရှိခဲ့ကြပြီး၊ ဒါဟာ Desktop အသုံးပြုသူတွေကို သူတို့ရဲ့ Fingerprints လိုမျိုး ဇီဝဗေဒဆိုင်ရာ အထောက်အထားစိစစ်ခြင်းနဲ့အတူ၊ Password ကြည့်ရှုတာ၊ Edit လုပ်တာ ဒါမှမဟုတ် Copy လုပ်တာတွေကို ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ Chrome ရဲ့ Mobile version က Password manager ဟာ Password ကို Copy လုပ်ဖို့၊ ဒါမှမဟုတ် ကြည့်ရှုဖို့အတွက် Biometric authentication ကို တောင်းခံမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်မျိုးကို Browser ရဲ့ Desktop Version ဆီ တိုးချဲ့သွားမှာလည်း ဖြစ်ပါတယ်။

Android ဖုန်းအများစုမှာ Fingerprint scanner ရှိနေပေမဲ့ ကျွန်ပျူတာတွေမှာတော့ ဒါမျိုးလုပ်ဆောင်ချက်က နည်းပါးနေပါသေးတယ်။ External USB scanner ကို သီးခြားအသုံးမပြုဘူးဆိုရင် ပရီမီယံအဆင့် Laptop တွေမှာပဲ ဒီလုံခြုံရေးလုပ်ဆောင်ချက်က ပါဝင်နေတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ Windows ကွန်ပျူတာတွေမှာ Windows Hello က Fingerprint scanner တွေသာမက Face recognition နဲ့လည်း လုံခြုံရေးကို ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Chrome ဟာ Password manager ကို မဖွင့်ခင် ကွန်ပျူတာရဲ့ Password ကို ထည့်သွင်းဖို့တောင်းဆိုတဲ့အတွက် ဒီအဆင့်မြှင့်တင်မှုဟာ ပိုပြီးအဆင်ပြေတဲ့ အထောက်အထားစိစစ်ရေးနည်းလမ်းအဖြစ် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

Ref: Android Police