Google ဟာ နှစ်စဥ် Android Version အသစ်အပြင် Product အသစ်တွေ၊ Feature အသစ်တွေကို Google I/O Event မှာ မိတ်ဆက်လေ့ရှိပါတယ်။ အခုလည်း Google ကနေ ယခုနှစ်အတွက် Google I/O ကျင်းပမယ့်အချိန်ကို တရားဝင်ကြေညာလိုက်ပါပြီ။

Google I/O ဟာ လာမယ့် မေလ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့တွေမှာပြုလုပ်သွားမှာဖြစ်ပြီး Google ရဲ့ Shoreline Amphitheater မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် Online Event အနေနဲ့ပဲ အဓိကရည်ရွယ်ထားတာဖြစ်တာကြောင့် Livestream အနေနဲ့ပဲ အများအားဖြင့် ကြည့်ရှုရမှာပါ။

The Verge ကို Google ကနေ ပြောကြားခဲ့တဲ့ Statement အရတော့ ယခုနှစ် Event ဟာ အရေအတွက်ကန့်သတ်ထားတဲ့ Audience နဲ့ပဲ Broadcast ပြုလုပ်သွားမှာဖြစ်ပြီး တခြားသူတွေအနေနဲ့ Online ကနေ အခမဲ့ပါဝင်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် Google နဲ့ ချိတ်ဆက်ထားတဲ့ Partner အချို့ပဲ Event ကို တက်ရောက်နိုင်မယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Google ဟာ အဆိုပါ Google I/O Event မှာ Android 13 OS ကို တရားဝင်မိတ်ဆက်သွားဖို့ ကျိန်းသေနေပြီး Google Pixel 6a ဖုန်းကိုပါ မိတ်ဆက်လာနိုင်ခြေရှိနေပါတယ်။ တခြားသော Google ရဲ့ Software နဲ့ပတ်သက်တဲ့ Feature တွေကိုလည်း မိတ်ဆက်လေ့ရှိတာကြောင့် ဒီနှစ် Google I/O Event ဟာလည်း စောင့်ကြည့်ရမယ့် Event တစ်ခုဖြစ်လာမှာပါ။

Ref – GSM Arena