Google Pixel 4a ကို မေလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ Google I/O Conference မှာ ကြေညာမယ်လို့ သတင်းထွက်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရက်စ်ကြောင့် ပွဲ ပျက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဩဂုတ်လ ၃ ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းထွက်ခဲ့ပြီး အခုတော့ Google က အဲဒီနေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

Google Store Website က အထူးဖန်တီးထားတဲ့ Page အသစ်ကို သွားရင်  “ Lorem Ipsum” အခြေပြု Puzzle ၁ ခုကို တွေ့ရမှာပါ။ အဲဒီ Puzzle ကို သင် အဖြေထုတ်နိုင်ရင် ဩဂုတ်လ ၃ ရက်နေ့ ရက်စွဲနဲ့အတူ “The Google Just What You’ve Been Waiting For Phone” စာသားကို မြင်ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သတင်းများစွာ ထွက်နေတဲ့ Google ရဲ့ တန်ဖိုးသင့် စမတ်ဖုန်း Pixel 4a ကို အဲဒီနေ့မှာ ကြေညာဖို့ သေချာနေပါပြီ။

“Lorem Ipsum” စာသားမှာ ကင်မရာနဲ့ ရှည်ကြာတဲ့ ဘက်ထရီ သက်တမ်းကို ဖော်ပြထားတဲ့ လက်တင် စာသားကို တွေ့ရပြီး Pixel Series မှာ အဲဒီ စွမ်းရည်တွေ ပါလာမှာက အံ့အားသင့်စရာ ကောင်းပါတယ်။

Ref : gsmarena