[Zawgyi]
Ref: GSMArena
[Unicode]
Snapdragon 855 နဲ့ Geekbench မှာတောက်ပနေတဲ့ Google Coral
Qualcomm ရဲ့ နောက်ဆုံးထုတ် Chipset ဖြစ်တဲ့ Snapdragon 855 ကတော့ ၂၀၁၉ ထုတ် စမတ်ဖုန်းအတော်များများမှာ တွေ့မြင်လာရဖွယ် ရှိနေပါတယ်။ အခုလည်း Snapdragon 855 နဲ့ လှပတဲ့ရလဒ်ကို ယူဆောင်နိုင်ခဲ့တဲ့ Google Coral ကို Geekbench မှာ တွေ့မြင်လိုက်ရပါပြီ။
OS က Android Q, Memory က 6GB RAM သုံးထားပြီး Qualcomm ရဲ့ Snapdragon 855 နဲ့ တွဲစပ်လိုက်တဲ့အခါ Google Coral ရဲ့ Geekbench ရမှတ်က Single-Core မှာ 3296 ဖြစ်ပြီး Multi-Core မှာ 9235 ဖြစ်နေတာကို တွေ့ရပါတယ်။ တစ်ချို့ကတော့ မကြာခင်ထွက်ပေါ်လာမယ့် Pixel 4 အတွက် Alpha unit ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
Google Coral နာမည်နဲ့ Geekbench ရမှတ်က ဘာအတွက်ဖြစ်လာမလဲဆိုတာ အတိအကျ ပြောလို့မရသေးပေမယ့် အချို့ကလည်း Chromebook ဖြစ်မယ်လို့ ခန့်မှန်းချက်ထုတ်ကြပါတယ်။ Android Q ဆိုတာက Google ရဲ့ မျိုးဆက်သစ် Android System version တစ်ခု ပါပဲ။
ဘာပဲဖြစ်ဖြစ် Qualcomm Snapdragon 855 ကတော့ Flagship အတွက်ဆိုတာ ေသခ်ာေနပါတယ်။ နှိုင်းယှဉ်မယ်ဆိုရင် Snapdragon 855 ရဲ့ ရမှတ်တွေဟာ Snapdragon 845 သုံးထားတဲ့ Google Pixel 3 ရဲ့ ရမှတ်နှစ်ခုလုံးထက် ၁၀% ပိုပြီးကောင်းမွန်နေတာကို တွေ့ရပါတယ်။
Google Coral နာမည်နဲ့ Device က ၂၀၁၈ ခုနှစ်အတွင်း မတူညီတဲ့ Platform နဲ့ Chipset တွေတွဲပြီး အကြိမ်ကြိမ် စမ်းသပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ်စမ်းသပ်မှုကလည်း Google ရဲ့ ဘယ် Device အတွက်လဲဆိုတာကို အဖြေရှာလို့မရသေးဘဲ ဖြစ်နေပါတယ်။
Ref: GSMArena