Google ရဲ့ Pixel စမတ်ဖုန်းတွေဟာ အပြင်ပန်းအရကြည့်မယ်ဆိုရင် Design ပိုင်းနဲ့ Hardware Specs ပိုင်းတွေမှာ အားရဖို့မကောင်းပေမယ့် Software ပိုင်းနဲ့ Gesture ပိုင်းတွေမှာတော့ ကောင်းကောင်း Optimize လုပ်ထားနိုင်တယ်လို့ ပြောလို့ရပါတယ်။ အခုလည်း Pixel ဖုန်းတွေကို Android 11 Update နဲ့အတူ ဘယ်ဖုန်းမှာမှ အသုံးပြုခြင်းမရှိသေးတဲ့ Gesture အသစ်ကို မိတ်ဆက်လာမယ့်ပုံစံပါပဲ။

ဒါကတော့ Pixel ဖုန်းတွေရဲ့ နောက်ကျောဘက်ကို Double Tap လုပ်လိုက်တာနဲ့ Function တွေကို ခိုင်းစေနိုင်တဲ့ Gesture အသစ်ပဲဖြစ်ပါတယ်။ XDA Developer ကနေ Pixel 4 နဲ့ Pixel 3 ဖုန်းတွေမှာ Android 11 Developer Preview မှာ အဆိုပါ Gesture အသစ်ကိုတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

Pixel ဖုန်းတွေအနေနဲ့ လက်ရှိအချိန်မှာ Google Assistant ကို ဘေးဘောင်ကို ညှစ်လိုက်ရုံနဲ့သုံးနိုင်တဲ့ Squeeze For Assistant ကို ထည့်ပေးထားသလို ဒီလို Gesture အသစ်ကို ထပ်မံအသုံးပြုနိုင်မှာကတော့ တော်တော်လေးကို အဆင်ပြေလာမှာပါ။ ထူးဆန်းတာက ဒီလိုမျိုး နောက်ကျောဘက်ကို Double Tap Gesture အတွက် ဘာ Hardware ကိုမှ သီးသန့်အသုံးပြုတာမဟုတ်ဘဲ ဖုန်းမှာရှိပြီးတော့ Gyroscope ၊ Accelerometer Sensor နဲ့ အခြားသော Sensor တွေကို ပေါင်းစပ်ပြီး အသုံးပြုတဲ့ပုံစံပါပဲ။ XDA ကနေ ပြသသွားတဲ့ Video တွေအရ Case တပ်ထားရင်တောင် အလုပ်လုပ်တာကို တွေ့ရပါတယ်။

လောလောဆယ်မှာတေ့ာ အဆိုပါ Double Tap Gesture ကနေ အခုလိုမျိုး Feature တွေကို အသုံးပြုနိုင်အောင် Customized ပြုလုပ်ထားနိုင်တယ်လို့ သိရပါတယ်။

Dismiss Timer
Launch Camera
Launch Google Assistant
Play/Pause Media
Collapse Status Bar
Silence Incoming Phone Calls
Snooze Alarms
Unpin Notifications

ဘာပဲဖြစ်ဖြစ် Google Pixel ဖုန်းတွေမှာ Android 11 နဲ့အတူ စိတ်ဝင်စားစရာ Gesture အသစ်ကို ရရှိလာတော့မယ်ပုံစံပါပဲ။

Ref – Phone Arena