Zawgyi

Google ကေန လာမယ့္ ေအာက္တိုဘာလ ၁၅ ရက္ေန႔မွာ Google Pixel 4 စမတ္ဖုန္းေတြနဲ႔ တျခားေသာ Product ေတြကို မိတ္ဆက္သြားမွာျဖစ္ပါတယ္။ Pixel 4 ဖုန္းကလည္း အခုအခ်ိန္မွာ ဆက္တိုက္ကို Leak ထြက္ေနေပမယ့္ Google ဆီမွာ ေနာက္ထပ္ စမတ္ဖုန္းတစ္လုံးကိုပါ မိတ္ဆက္ဖို႔ က်န္ေနေသးတဲ့ ပုံစံပါပဲ။

ဘာေၾကာင့္လဲဆိုရင္ အခုအခ်ိန္မွာ Google ကေန လာမယ့္ ေအာက္တိုဘာလ ၁၅ ရက္ေန႔မွာ Pixel 4 စမတ္ဖုန္းေတြအျပင္ 5G Pixel ဖုန္းတစ္မ်ိဳးကိုပါ မိတ္ဆက္သြားမယ္ဆိုတဲ့ သတင္းေတြထြက္လာၿပီျဖစ္လို႔ပါ။ အဆိုပါ စမတ္ဖုန္းက Pixel 4 ဖုန္းေတြနဲ႔ ပုံစံတူလားဆိုတာကိုေတာ့ မသိရွိရေသးေပမယ့္ Snapdragon 855 Processor ကို X50 5G Modem နဲ႔ တြဲဖက္ထားမယ္လို႔ ယူဆရပါတယ္။

လက္ရွိထြက္ရွိလာတဲ့သတင္းေတြအရ Pixel 4 နဲ႔ Pixel 4 XL စမတ္ဖုန္းေတြဟာ လက္ရွိအခ်ိန္မွာ Mass Production ေဆာင္႐ြက္ေနၿပီျဖစ္ၿပီးေတာ့ ေနာက္တပတ္မွာ မိတ္ဆက္ၿပီးတာနဲ႔ စတင္ေရာင္းခ်ႏိုင္ၿပီလို႔ သိရပါတယ္။ ဒါေပမယ့္ အခု 5G Pixel ဖုန္းကေတာ့ လက္ရွိအခ်ိန္မွာ စမ္းသပ္ဆဲအေျခအေနမွာပဲျဖစ္ေနေသးၿပီးေတာ့ ေရာင္းခ်ဖို႔ကေတာ့ အခ်ိန္အနည္းငယ္ေစာင့္ဆိုင္းရဦးမွာပါ။

Google ရဲ႕ အဆိုပါ 5G စမတ္ဖုန္းဟာ လက္ရွိအခ်ိန္အထိ သတင္းတစ္ခုမွ မထြက္ထားေသးတဲ့အတြက္ တကယ္မိတ္ဆက္လာႏိုင္မလားဆိုတာက ယုံၾကည္ဖို႔ခဲယဥ္းေနပါေသးတယ္။ ဘာပဲျဖစ္ျဖစ္ အခုလိုမ်ိဳး 5G Support ျပဳလုပ္တဲ့ စမတ္ဖုန္းေတြ နည္းပါးေနေသးတဲ့အခ်ိန္မွာ Pixel ဖုန္းေတြလည္း 5G Support ရလာတာက သတင္းေကာင္းတစ္ခုလို႔ ေျပာရမွာပါ။

Ref – Android Authority

Unicode

Google ကနေ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ Google Pixel 4 စမတ်ဖုန်းတွေနဲ့ တခြားသော Product တွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ Pixel 4 ဖုန်းကလည်း အခုအချိန်မှာ ဆက်တိုက်ကို Leak ထွက်နေပေမယ့် Google ဆီမှာ နောက်ထပ် စမတ်ဖုန်းတစ်လုံးကိုပါ မိတ်ဆက်ဖို့ ကျန်နေသေးတဲ့ ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် အခုအချိန်မှာ Google ကနေ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ Pixel 4 စမတ်ဖုန်းတွေအပြင် 5G Pixel ဖုန်းတစ်မျိုးကိုပါ မိတ်ဆက်သွားမယ်ဆိုတဲ့ သတင်းတွေထွက်လာပြီဖြစ်လို့ပါ။ အဆိုပါ စမတ်ဖုန်းက Pixel 4 ဖုန်းတွေနဲ့ ပုံစံတူလားဆိုတာကိုတော့ မသိရှိရသေးပေမယ့် Snapdragon 855 Processor ကို X50 5G Modem နဲ့ တွဲဖက်ထားမယ်လို့ ယူဆရပါတယ်။

လက်ရှိထွက်ရှိလာတဲ့သတင်းတွေအရ Pixel 4 နဲ့ Pixel 4 XL စမတ်ဖုန်းတွေဟာ လက်ရှိအချိန်မှာ Mass Production ဆောင်ရွက်နေပြီဖြစ်ပြီးတော့ နောက်တပတ်မှာ မိတ်ဆက်ပြီးတာနဲ့ စတင်ရောင်းချနိုင်ပြီလို့ သိရပါတယ်။ ဒါပေမယ့် အခု 5G Pixel ဖုန်းကတော့ လက်ရှိအချိန်မှာ စမ်းသပ်ဆဲအခြေအနေမှာပဲဖြစ်နေသေးပြီးတော့ ရောင်းချဖို့ကတော့ အချိန်အနည်းငယ်စောင့်ဆိုင်းရဦးမှာပါ။

Google ရဲ့ အဆိုပါ 5G စမတ်ဖုန်းဟာ လက်ရှိအချိန်အထိ သတင်းတစ်ခုမှ မထွက်ထားသေးတဲ့အတွက် တကယ်မိတ်ဆက်လာနိုင်မလားဆိုတာက ယုံကြည်ဖို့ခဲယဥ်းနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး 5G Support ပြုလုပ်တဲ့ စမတ်ဖုန်းတွေ နည်းပါးနေသေးတဲ့အချိန်မှာ Pixel ဖုန်းတွေလည်း 5G Support ရလာတာက သတင်းကောင်းတစ်ခုလို့ ပြောရမှာပါ။

Ref – Android Authority