လက်ရှိအချိန်မှာ ဘာသာစကားတစ်ခုကို အလွယ်တကူသင်ကြားမယ်ဆိုရင် Duolingo Application ဟာ အကောင်းဆုံးလို့ပြောနိုင်ပါတယ်။ ဒီလိုမျိုးပဲ Google ဟာလည်း Translate ပိုင်းနဲ့ ဘာသာစကားတွေကို သိရှိနားလည်နိုင်မှုမှာ အကောင်းဆုံး Service တစ်ခုဖြစ်နေပါတယ်။

အဲ့ဒီအတွက် Google ကနေ Duolingo ကိုယှဥ်ပြိုင်နိုင်မယ့် ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်တဲ့ Application သို့မဟုတ် Service တစ်ခုကို မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့သိရပါတယ်။ အဆိုပါ Project ကိုတော့ Internal Codename အနေနဲ့ Tivoli လို့ နာမည်ပေးထားပြီးတော့ လက်ရှိ Google Assistant ၊ Google Translate တွေမှာ အသုံးပြုနေတဲ့ AI နဲ့ Natural Language Processing တွေကို အခြေခံထားတာဖြစ်ပါတယ်။

MySmartPrice Media Website တစ်ခုကနေ ဖော်ပြချက်အရတော့ Google ဟာ အဆိုပါ Tivoli Project အသစ်ကို Google Search ကနေတစ်ဆင့် ဘာသာစကားအသစ်တွေသင်ကြားပေးဖို့ အရင်ဆုံးရည်ရွယ်သွားမယ်လို့ သိရပါတယ်။ အစောဆုံး ယခုနှစ်မကုန်ခင်မှာ အဆိုပါ Google Tivoli Project ကို တရားဝင်မိတ်ဆက်လာနိုင်ခြေရှိနေပါတယ်။

Google ဟာ ဒီလိုမျိုး ဘာသာစကားအသစ်တွေသင်ကြားပေးနိုင်တဲ့ Tivoli Project ကို လွန်ခဲ့တဲ့ ၂ နှစ်တုန်းက စတင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ သာမန်စကားပြောဆိုတဲ့ပုံစံမျိုးအထိ သိရှိနားလည်နိုင်ပြီလို့ သိရပါတယ်။ ဒါပေမယ့် အရင်ဆုံးအနေနဲ့ကတော့ Text Input နဲ့ပဲ အသုံးပြုနိုင်မှာဖြစ်ပြီး တဖြည်းဖြည်း Google Assistant နဲ့ YouTube လိုမျိုး Service တွေမှာပါ အသုံးပြုနိုင်အောင် ဆောင်ရွက်သွားဦးမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Google ဟာ လက်ရှိအချိန်မှာ လူသုံးအများဆုံး Service တစ်ခုဖြစ်သလို Translate လိုမျိုး ဘာသာပြန်တဲ့နေရာမှာလည်း အောင်မြင်မှုရနေတဲ့အတွက် ဘာသာစကားသင်ကြားတဲ့နေရာမှာလည်း အောင်မြင်ဖို့ ဖြစ်နိုင်ခြေများနေပါတယ်။

Ref – Android Authority