Google ကနေ Datally App ကိုထုတ်ပေးလိုက်ပြီး အဆိုပါ Application က လက်ရှိ Mobile Data နဲ့ အင်တာနက်သုံးနေတဲ့သူတွေကိုအများကြီးအထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုရင် အဆိုပါ Datally App ဟာ ဘယ်နေ့၊ ဘယ်အချိန်မှာ ဘယ် Application က Data ဘယ်လောက်ယူသုံးနေတယ်ဆိုတာကို အတိအကျဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အဲ့ဒါတင်မကသေးပဲ Data Saver Function ပါဝင်တဲ့အတွက် Background Data တွေကို ပိတ်ထားပြီး အင်တာနက်အသုံးပြုမှုကိုချွေတာနိုင်ဦးမှာပါ။ နောက်ထပ်အားသာချက်ကတော့ ကိုယ့်အနီးအနားမှာ ရှိတဲ့ Wi-Fi ရရှိနိုင်တဲ့နေရာတွေကိုပါ Application မှာ ဖော်ပြသွားမှာဖြစ်ပါတယ်။

Google အနေနဲ့ အဆိုပါ Datally Application ကို လွန်ခဲ့တဲ့ လအနည်းငယ်ခန့်က ဖိလစ်ပိုင်နိုင်ငံမှာ စတင်စမ်းသပ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ Google Play Store မှာ စတင် Download ရရှိနိုင်တာပဲဖြစ်ပါတယ်။