iPhone နဲ့ iPad အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ Device ထဲမှာ Google Drive ကို lock လုပ်ထားနိုင်ပြီလို့ သိရပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Device ကို တစ်ခြားသူရဲ့လက်ထဲထည့်ပေးရချိန်မှာ Google Cloud storage service ကို Sign Out လုပ်စရာမလိုတော့ဘဲ Lock လုပ်ထားလို့ရပြီ ဖြစ်ပါတယ်။

ဒီ Privacy Screen လုပ်ဆောင်ချက်ကို iPhone နဲ့ iPad တွေမှာ အသုံးပြုနိုင်ပြီဆိုပေမယ့် Device မှာတော့ Face ID, Touch ID ဒါမှမဟုတ် Google Drive ကို ဝင်ရောက်ဖို့ အတည်ပြု Passcode လိုအပ်မှာ ဖြစ်ပါတယ်။ ဒါဟာ Google Drive ကို ဝင်ရောက်တဲ့အချိန်တိုင်း စစ်မှန်ကြောင်း အတည်ပြုတဲ့လုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်က ပိုပြီးအဆင်ပြေနိုင်တယ်လို့ ထင်ရပေမယ့် Drive ကို သွားတဲ့အချိန်တိုင်း စစ်ဆေးရေးလုပ်ငန်းစဉ်တစ်ခု ခံနေတဲ့အတွက်ကြောင့် အနည်းငယ်တော့ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ရှိပါတယ်။ ဒါပေမယ့် App ကို Lock မလုပ်ထားခင် ဘယ်လောက်ကြာကြာ ဖွင့်ထားမယ်ဆိုတာကို သတ်မှတ်ထားဖို့ Timer လုပ်ထားနိုင်ပါတယ်။

Lock screen အသက်ဝင်လာတာကို ၁၀ စက္ကန့်၊ ၁ မိနစ်၊ ဒါမှမဟုတ် ၁၀ မိနစ် စသဖြင့် နှောင့်နှေးအောင် ပြုလုပ်ထားတာကလည်း ခဏခဏပြန်ဖွင့်နေရမယ့် ကိစ္စအတွက် အဖြေတစ်ခုလို့ ဆိုရမှာပါ။ ဒီလိုမှမဟုတ်လည်း App ကို ပိတ်ထားဖို့ ရွေးချယ်နိုင်ပါတယ်။ Privacy Screen လုပ်ဆောင်ချက်ဟာ ကောင်းတယ်လို့ ဘယ်လိုပဲဆိုဆို ကန့်သတ်ချက်လေးတွေတော့ ရှိနေတာ အမှန်ပါပဲ။

အားနည်းချက်လို့ဆိုရမှာကတော့ သီးသန့်သတ်မှတ်ထားတဲ့ File တွေ၊ ဒါမှမဟုတ် Folder တွေကို Lock မလုပ်နိုင်တာပါ။ Photos app နဲ့ Files app တွေကိုလည်း Cover မပေးပါဘူး။ ပြီးတော့ သတိပေးချက်တွေလည်း ပေါ်ပေါက်နေဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Siri functionalities အချို့ကိုလည်း အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

Ref: Phone arena