Google Drive ဟာ အခုအချိန်မှာ iOS အသုံးပြုသူတွေအတွက် Privacy Feature အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Feature ကတော့ iPhone နဲ့ iPad အသုံးပြုသူတွေအနေနဲ့ Google Drive App ကို ဝင်ရောက်တဲ့အချိန်မှာ Touch ID သို့မဟုတ် Face ID နဲ့ အတည်ပြုပြီးမှ ဝင်ရောက်နိုင်တော့မှာပဲဖြစ်ပါတယ်။

Google Drive for iOS gains Touch ID and Face ID authentication

အဆိုပါ Feature ကိုတော့ Google ကနေ Privacy Screen Feature လို့ ခေါ်ဆိုထားပါတယ်။ အဆိုပါ Feature ကို App ကို ဝင်ဝင်ခြင်းမှာ အသုံးပြုမလား၊ ၁၀ စက္ကန့်၊ ၁ မိနစ် သို့မဟုတ် ၁၀ မိနစ်နေမှ အတည်ပြုရမလားဆိုတာကိုလည်း စိတ်ကြိုက်ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

ယခု Feature ကို အသုံးပြုချင်တယ်ဆိုရင်တော့ Google Drive App ကို App Store ကနေ Latest Version Download ရယူလိုက်တာနဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ Google ကတော့ Version 4.2020.18204 မှာစတင်ပြီး ထည့်သွင်းပေးထားပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် iOS အသုံးပြုသူတွေအနေနဲ့ အခုလိုမျိုး အသုံးဝင်တဲ့ Privacy Screen လိုမျိုး Feature ရရှိလာပေမယ့် Android အသုံးပြုသူတွေအတွက်ကတော့ အလားတူ Feature မျိုးပါဝင်ခြင်းမရှိသေးပါဘူး။

Ref – GSM Arena