Google ဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက Drive ရဲ့ Web client မှာ ဘယ်ဖိုင်အမျိုးအစားကိုမဆို Offline Save ပြုလုပ်ခွင့် ပေးခဲ့ပါတယ်။ Beta အနေနဲ့ ဖြန့်ချိပြီးပေမဲ့ ဒီခွင့်ပြုချက်ဟာ ၂ နှစ်ကျော်ကာလအတွင်း G Suite အသုံးပြုသူတွေအတွက်ပဲ ကန့်သတ်ပေးထားခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ အသုံးပြုသူတွေအားလုံးအနေနဲ့ ဒီလုပ်ဆောင်ချက်ကို တရားဝင်သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။ အကယ်၍ ဒီUpdate ဟာ အသုံးပြုသူရဲ့ Account ဆီမှာရရှိတာနဲ့တစ်ပြိုင်နက် ဘယ်ဖိုင်အမျိုးအစားကိုမဆို Drive မှာ Offline အခြေအနေနဲ့ Web browser ကတစ်ဆင့် Download ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

Docs, Sheets နဲ့ Slides ဖိုင်တွေကို Offline ကြည့်ခြင်းနဲ့ Edit ပြုလုပ်ခြင်းတွေကိုပံ့ပိုးပေးထားပြီးဖြစ်ပေမဲ့၊ အခုအခါမှာတော့ PDF တွေ၊ Words ဖိုင်တွေ၊ ရုပ်ပုံတွေကို ရောထည့်နိုင်တာ ဖြစ်ပါတယ်။ ဖိုင်တစ်ခုကို Browser မှာသိမ်းဖို့အတွက် သိမ်းလိုတဲ့အကြောင်းအရာပေါ်မှာ Right-click ကိုနှိပ်ပြီး “Available offline” ကို ရွေးရမှာ ဖြစ်ပါတယ်။

Non-Google documents တွေကတော့ ကွန်ပျူတာကထောက်ပံ့ထားတဲ့ Application တွေဖြစ်တဲ့ PDF viewers, image galleries တို့မှာတိုက်ရိုက် ပွင့်လာမှာဖြစ်ပါတယ်။ (Chrome OS မှာဆိုရင်တော့ ရင်းနှီးနေပါလိမ့်မယ်) အဲဒီ User တွေက Docs, PDFs, folder တွေနဲ့ အခြားအရာတွေကို Built-in file browser ကတစ်ဆင့် Offline ရရှိနိုင်မှာ ဖြစ်ပါတယ်။

Drive ရဲ့ Offline file access ကို Workspace, G Suite နဲ့ Personal accounts တွေအပါအဝင် အသုံးပြုသူတွေအားလုံးမှာ ရရှိမယ်လို့သိရပါတယ်။ ကမ္ဘာတစ်ဝန်းလုံးက အသုံးပြုသူတွေဆီ ရောက်ရှိဖို့တော့ နောက်ထပ်ရက်သတ္တပတ် နှစ်ပတ်ကျော်စောင့်ဆိုင်းရဖွယ် ရှိပါတယ်။

Ref: Android Police