Zawgyi

Google ရဲ႕ Pixel Series စမတ္ဖုန္းေတြဟာ စၿပီးထြက္ရွိတဲ့အခ်ိန္က စတင္ၿပီးေတ့ာ အခုအခ်ိန္အထိကို Camera ပိုင္းမွာ အေကာင္းဆုံးေသာ စမတ္ဖုန္းေတြအျဖစ္ သတ္မွတ္ခံထားရတာျဖစ္ပါတယ္။ မၾကာေသးခင္ကမွ မိတ္ဆက္သြားတဲ့ Google Pixel 4 စမတ္ဖုန္းေတြဆိုရင္လည္း ပထမဆုံးအေနနဲ႔ Dual Camera ကို စတင္အသုံးျပဳလာတာျဖစ္ၿပီး ဒီႏွစ္အတြက္ Camera အေကာင္းဆုံးဖုန္းေတြထဲက တစ္ခုအပါအဝင္လို႔ေတာင္ ေျပာလို႔ရေနပါတယ္။

ဒါေပမယ့္လည္း Pixel စမတ္ဖုန္းေတြဟာ ဓါတ္ပုံပိုင္းမွာပဲ Computational Photography ေၾကာင့္ အေကာင္းဆုံးေနရာကို ရယူထားႏိုင္ေနၿပီးေတာ့ Video ပိုင္းမွာကေတာ့ တျခား Flagship ဖုန္းေတြနဲ႔ ေတာင္မယွဥ္ႏိုင္ေသးပါဘူး။ ဒါကလည္း လက္ရွိ Flagship ဖုန္းအကုန္လုံးနီးပါးမွာ ႐ိုက္လို႔ရေနတဲ့ 4K 60fps Recording ကို အခုေနာက္ဆုံးထြက္ထားတဲ့ Pixel 4 ဖုန္းေတြအထိ Support မျပဳလုပ္ေသးတာေၾကာင့္ျဖစ္ပါတယ္။

Pixel 4 စမတ္ဖုန္းဟာ လက္ရွိ Android Flagship ဖုန္းေတြနဲ႔ ယွဥ္ရင္ အနည္းငယ္နိမ့္တဲ့ Qualcomm Snapdragon 855 Processor ၊ 6GB RAM တို႔ကို အသုံးျပဳထားတယ္ဆိုေပမယ့္ 4K 60fps Video ေတြကို ႐ိုက္ကူးႏိုင္တဲ့ Performance ကေတာ့ ရွိေနေသးပါတယ္။ ပိုဆိုးတာက ဒီႏွစ္မွာ Apple ကေန iPhone 11 Series ဖုန္းေတြရဲ႕ Video Recording ပိုင္းကို အဆင့္ျမႇင့္လာေပမယ့္ Google ကေတာ့ Pixel 4 ဖုန္းေတြရဲ႕ Video ပိုင္းကို Improve ျပဳလုပ္ခဲ့ျခင္းမရွိတာက အားနည္းခ်က္တစ္ခုျဖစ္ေနခဲ့တာပါ။

အခုအခ်ိန္မွာေတာ့ Made by Google Twitter Account ကေန ဘာေၾကာင့္ Pixel 4 မွာ 4K 60fps Video Recording ကို Support မလုပ္ရလဲဆိုတာကို ျပန္လည္ေျဖရွင္းသြားခဲ့ပါတယ္။ Google ရဲ႕ ေျပာၾကားခ်က္အရေတာ့ အသုံးျပဳသူအမ်ားစုက Full HD 1080p နဲ႔ပဲ ႐ိုက္ကူးတာျဖစ္တဲ့အတြက္ ၁ မိနစ္တိုင္းကို Storage 500MB ေလာက္စားေနတဲ့ 4K 60fps အစား Full HD Recording ကိုပဲ ပိုေကာင္းေအာင္ အာ႐ုံစိုက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

Google ကေတာ့ အခုလိုမ်ိဳး ေျဖရွင္းခဲ့ေပမယ့္ လက္ရွိ Apple iPhone နဲ႔ Android Flagship ဖုန္းေတြအားလုံးနီးပါ 4K 60fps Video ေတြ႐ိုက္ႏိုင္တဲ့အခ်ိန္မွာ ေနာက္ေကာက္က်န္ခဲ့တာကေတာ့ Pixel 4 ရဲ႕ အားနည္းခ်က္တစ္ခုလို႔ ေျပာရမွာပါ။

Ref – Phone Arena

Unicode

Google ရဲ့ Pixel Series စမတ်ဖုန်းတွေဟာ စပြီးထွက်ရှိတဲ့အချိန်က စတင်ပြီးတေ့ာ အခုအချိန်အထိကို Camera ပိုင်းမှာ အကောင်းဆုံးသော စမတ်ဖုန်းတွေအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ မကြာသေးခင်ကမှ မိတ်ဆက်သွားတဲ့ Google Pixel 4 စမတ်ဖုန်းတွေဆိုရင်လည်း ပထမဆုံးအနေနဲ့ Dual Camera ကို စတင်အသုံးပြုလာတာဖြစ်ပြီး ဒီနှစ်အတွက် Camera အကောင်းဆုံးဖုန်းတွေထဲက တစ်ခုအပါအဝင်လို့တောင် ပြောလို့ရနေပါတယ်။

ဒါပေမယ့်လည်း Pixel စမတ်ဖုန်းတွေဟာ ဓါတ်ပုံပိုင်းမှာပဲ Computational Photography ကြောင့် အကောင်းဆုံးနေရာကို ရယူထားနိုင်နေပြီးတော့ Video ပိုင်းမှာကတော့ တခြား Flagship ဖုန်းတွေနဲ့ တောင်မယှဥ်နိုင်သေးပါဘူး။ ဒါကလည်း လက်ရှိ Flagship ဖုန်းအကုန်လုံးနီးပါးမှာ ရိုက်လို့ရနေတဲ့ 4K 60fps Recording ကို အခုနောက်ဆုံးထွက်ထားတဲ့ Pixel 4 ဖုန်းတွေအထိ Support မပြုလုပ်သေးတာကြောင့်ဖြစ်ပါတယ်။

Pixel 4 စမတ်ဖုန်းဟာ လက်ရှိ Android Flagship ဖုန်းတွေနဲ့ ယှဥ်ရင် အနည်းငယ်နိမ့်တဲ့ Qualcomm Snapdragon 855 Processor ၊ 6GB RAM တို့ကို အသုံးပြုထားတယ်ဆိုပေမယ့် 4K 60fps Video တွေကို ရိုက်ကူးနိုင်တဲ့ Performance ကတော့ ရှိနေသေးပါတယ်။ ပိုဆိုးတာက ဒီနှစ်မှာ Apple ကနေ iPhone 11 Series ဖုန်းတွေရဲ့ Video Recording ပိုင်းကို အဆင့်မြှင့်လာပေမယ့် Google ကတော့ Pixel 4 ဖုန်းတွေရဲ့ Video ပိုင်းကို Improve ပြုလုပ်ခဲ့ခြင်းမရှိတာက အားနည်းချက်တစ်ခုဖြစ်နေခဲ့တာပါ။

အခုအချိန်မှာတော့ Made by Google Twitter Account ကနေ ဘာကြောင့် Pixel 4 မှာ 4K 60fps Video Recording ကို Support မလုပ်ရလဲဆိုတာကို ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။ Google ရဲ့ ပြောကြားချက်အရတော့ အသုံးပြုသူအများစုက Full HD 1080p နဲ့ပဲ ရိုက်ကူးတာဖြစ်တဲ့အတွက် ၁ မိနစ်တိုင်းကို Storage 500MB လောက်စားနေတဲ့ 4K 60fps အစား Full HD Recording ကိုပဲ ပိုကောင်းအောင် အာရုံစိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Google ကတော့ အခုလိုမျိုး ဖြေရှင်းခဲ့ပေမယ့် လက်ရှိ Apple iPhone နဲ့ Android Flagship ဖုန်းတွေအားလုံးနီးပါ 4K 60fps Video တွေရိုက်နိုင်တဲ့အချိန်မှာ နောက်ကောက်ကျန်ခဲ့တာကတော့ Pixel 4 ရဲ့ အားနည်းချက်တစ်ခုလို့ ပြောရမှာပါ။

Ref – Phone Arena