ကိုယ့်ဖုန်းထဲမှာ ရှိတဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို အခြားဖုန်းကို ပို့ပေးဖို့အတွက် Zapya လိုမျိုး Application တွေ နောက်ပိုင်းလိုအပ်တော့မှာမဟုတ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် Google ကိုယ်တိုင်က Files Go နာမည်နဲ့ File Manger Application တစ်ခုကို ထုတ်ပေးလိုက်ပြီဖြစ်ပြီး အဆိုပါ App မှာ File Manager အပြင် Cleaner နဲ့ Zapya လိုမျိုး ဖုန်းအချင်းချင်း File တွေပေးပို့နိုင်တဲ့ Feature လည်း ပါဝင်နေတာကြောင့်ဖြစ်ပါတယ်။
Google ကနေ Files Go App ကို အခုမှ Beta Version အနေနဲ့ Play Store မှာတင်ပေးခဲ့တာဖြစ်ပြီး အဲ့ဒါကလည်း ပြီးခဲ့တဲ့အပတ်က APK Mirror မှာ အဆိုပါ Application ကို Google ကပြုလုပ်နေတယ်ဆိုပြီး သတင်းပေါက်ကြားသွားလို့ပဲဖြစ်ပါတယ်။
Looks like some of you found our Files Go Beta 🙂 We thought we’d make it available for a few more of you on the Play Store. Feedback welcome! https://t.co/qXLb1V0bKu
— Caesar Sengupta (@caesars) November 9, 2017
အခုလောလောဆယ်မှာတော့ Files Go App ဟာ Beta Version ဖြစ်တဲ့အတွက် အရမ်းအကောင်းကြီးမဟုတ်သေးပေမယ့် File Transfer ပြုလုပ်တဲ့နေရာမှာတော့ အတော်လေးကို မြန်ဆန်တာကို တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဆိုပါ Feature က Wifi တစ်ခုထဲတင်မဟုတ်ပဲ Apple Air Drop လိုမျိုး Wifi ရော၊ Bluetooth ရော ၂ ခုစလုံးနဲ့ တွဲဖက်အလုပ်လုပ်တာကြောင့်ဖြစ်ပါတယ်။
အခုလိုမျိုး Google ကိုယ်တိုင်က File Manager နဲ့ File Transfer အတွက်ပါ ကိုယ်တိုင် Application ထုတ်ပေးတာက ဒါပထမဆုံးဖြစ်ပြီး နောက်ပိုင်း Google ရဲ့ မရှိမဖြစ် App တစ်ခုဖြစ်လာမယ်လို့ ယူဆရပါတယ်။